Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဝါရီဆူးဖလိုင်ရွာ ဒေသခံ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့

March 4, 2022
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

ကရင်နီပြည်နယ် မိုးဗြဲမြို့ တောင်ဘက် သုံးမိုင်ခန့် အကွာရှိ ဝါရီဆူးဖလိုင်ရွာ ဒေသခံ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နေအိမ် ၁၅ လုံးခန့် မီးရှို့ ဖျက်ဆီးထားသည်ဟု  ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

” ဖမ်းဆီးခံထားရသူ ၁၀ ယောက်ကျော်လောက် ရှိတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ မနက် အစောပိုင်းမှာ စစ်တပ်က ရွာကို တပ်ဝင်စွဲပြီး မီးရှို့တယ်။ကျွန်တော်တို့ လှမ်းမြင်နေရတယ်၊ မီးခိုးလုံးတွေကို၊ မနေ့ကတည်းက အဲ့ရွာကို လက်နက်ကြီး တွေနဲ့ ပစ်လို့ အိမ်တွေ လောင်ထားသေးတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်အစောပိုင်းမှ စတင်ကာ ညနေပိုင်းအထိ အဆိုပါ ကျေးရွာတွင် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်း အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။

ဝါရီဆူးဖလိုင်ရွာ ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့် ရှိသည့် ရွာကြီးဖြစ်ပြီး ယမန်နေ့ ညပိုင်း ကတည်းက စစ်ကောင်စီတပ်များက ဝင်ရောက်တပ်စွဲကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

” နေအိမ်တော်တော်များများက မီးရှို့ခံထားရတယ်။ မနေ့ညကတည်းက ရှို့တာဆိုတော့ တော်တော်များတယ်။ ရွာသားတွေကို ဖမ်းထားတာက လူသားဒိုင်း သဘောမျိုးလုပ်နေတာ။ အခုအချိန်ထိတော့ အဲ့ရွာမှာ တိုက်ပွဲပြင်းထန်နေတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေပြီး ဒေသခံ ဦးရေ ၁၅၀,၀၀၀ ကျော် စစ်ဘေး ရှောင်နေရကာ လက်ရှိ စစ်ဘေးရှောင်  စခန်းများသည်လည်း လုံခြုံမှုမရှိ ဖြစ်လျက် ရှိသည်။

မိုးဗြဲမြို့နယ် အတွင်းသို့ အင်အားတိုးချဲ့ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ ကာကွယ်ရေးတပ်များ ဖြစ်သည့် လွိုင်ကော် PDF၊ မိုးဗြဲ PDF ၊ KA ၊ ဒီးမော့ဆို PDF ၊ဖယ်ခုံ PDF၊ KNDF၊ KGZ၊ Gz21၊ JPDF၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့ စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး  ခုခံ တိုက်ခိုက် နေကြခြင်း ဖြစ်သည်။

Source – Mizzima

Related Posts

သတင်း

ရခိုင်တောင်ပိုင်းတွင် ၃ ရက်အတွင်း လူ ၅၀ ကျော် အဖမ်းခံရ

December 2, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀...

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို
သတင်း

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို

November 30, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့...

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်
သတင်း

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

November 25, 2023

မေး။ ။ မြစ်ကြီးနား- ဗန်းမော် လမ်းမပေါ်က စစ်ကောင်စီ...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist