ရန်ကုန်ကစစ်ကောင်စီရဲ့မှော်ဘီလေတပ်စခန်းဌာနချုပ်မှာဗုံးခွဲခံရလို့တိုက်လေယာဥ်နှစ်စီးပျက်စီးသွားတယ်။တိုင်းရင်းသားပြည်သူတွေကိုလေကြောင်းကနေအကြမ်းဖက်မှုတွေလုပ်နေတဲ့စစ်ကောင်စီအတွက်တော့ဒါဟာသတင်းဆိုးပဲ။PDFတွေဘက်ကအဲ့လောက်ထိလုပ်နိုင်တယ်ဆိုတာအတော်ချီးကျူးဖို့ကောင်းတယ်။
ချင်းပြည်နယ်မင်းတပ်မြို့ကဒုတိယအကြီးဆုံးဆေးရုံကိုPDFတွေနဲ့ပတ်သက်တယ်ဆိုပြီးစစ်တပ်ကဝင်ရောက်ဖျက်စီးပစ်လိုက်လို့ဒေသခံတွေရဲ့ကျန်းမာရေးစောက်ရှောက်မှုကိုထိခိုက်သွားစေတယ်။ဆေးရုံးတစ်ခုလုံး X ray စက်တွေ၊ဓာတ်ခွဲခန်းတွေပါမကျန်ဖျက်စီးသွားတာပါ။စစ်ကောင်စီဟာသူတို့သံသယရှိရင်ဆေးရုံကြီးတွေပါမကျန်တရားလက်လွတ်ဖျက်စီးနေကြပြီ။