မိုးဗြဲမှာဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာဒီနေ့KNDFဘက်ကအယောက်၂၀ကျော်ကျဆုံးသွားတယ်။ကျဆုံးသွားတယ်သူတွေထဲမှာတိုက်ပွဲအတွင်းဆေးအကူပေးနေတဲ့ဆရာဝန်ကြီးတစ်ဦးအပါအဝင်ဆေးတပ်သားတွေလဲပါသွားတယ်။တနေကုန်တိုက်ပွဲပြင်းထန်နေပြီးညနေပိုင်းရောက်မှစစ်တပ်ကပစ်တဲ့လက်နက်ကြီးတွေနဲ့လေကြောင်းပစ်ကူဒဏ်တွေကြောင့်ကျဆုံးသွားရတာလို့ပြောတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကတော့စစ်တပ်ရဲ့သံချပ်ကာကားနှစ်စီးကိုဖျက်စီးလိုက်နိုင်တယ်။ဒါပေမယ့်လဲဒါကိုကျဆုံးသွားတဲ့ရဲဘော်လေးတွေရဲ့အသက်နဲ့တော့မလဲနိုင်ဘူး။တိုက်ပွဲဟာဆက်လက်ပြင်းထန်နိုင်ပြီးကျည်ဆံအကူအညီအတွက်အားချင်းအလှူခံနေကြရတယ်။တကယ်တန်းရင်ဆိုင်တိုက်ကြတဲ့အခါပြည်သူတွေဘက်ကလက်နက်ခဲယမ်းအင်အားချို့တဲ့နေတုန်းပဲ။
ဒီနေ့စစ်ကိုင်တိုင်းရေဦးမှာလဲလက်နက်အင်အားမမျှလို့PDFငါးယောက်ထပ်ပြီးကျဆုံးသွားသေးတယ်။သူတို့လေးတွေဟာတကယ်တမ်းတော့မသေသင့်ပဲသေသွားကြရတဲ့သူတွေချည်းပဲ။တော်လှန်ရေးကာလကြာလေလေရင်နာစရာတွေပိုဖြစ်လာလေလေပဲ။