ကယားပြည်နယ်မှာတိုက်ပွဲတွေအပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြန်ပြီ။ပြီးခဲ့တဲ့လကမြို့တော်လွိုင်ကော်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာမြောက်ဘက်ကရှမ်းကယားနယ်စပ်မိုးဗြဲမြို့ကိုရောက်ရှိလာတယ်။အကြောင်းရင်းကတော့စစ်ကောင်စီဟာကယားကနေနေပြည်တော်သွားတဲ့လမ်းပေါ်မှာရှိတဲ့မိုးဗြဲမြို့ကိုသံချပ်ကာကားတွေအပါအဝင်အင်အားနှစ်ရာခန့်သုံးပြီးထိန်းချုပ်ဖို့ကြိုးစားလာတယ်။နေပြည်တော်နဲ့လေးနာရီခန့်သာခရီးဝေးတာကြောင့်မိုးဗြဲဟာသူတို့အတွက်အရေးပါတယ်။ ပီးရင်KNDFစိုးမိုးနယ်မြေတွေဖြစ်တဲ့ဒီမော့ဆိုကိုပါစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာကြောင့်ကယားပြည်နယ်ကလက်နက်ကိုင်တပ်ဖွဲ့တွေစုပေါင်းပြီးခုခံနေကြတယ်။စစချင်းနေ့မှပဲစစ်တပ်ဖက်ကအကျအဆုံးတွေများလို့ညနေပိုင်းမှာထုံးစံအတိုင်းလေကြောင်းပစ်ကူတွေသုံးလာတယ်။ပြည်သူတချို့လဲမြို့ထဲမှာပိတ်မိနေကြတယ်။ကယားပြည်နယ်တစ်ခုလုံးလဲစစ်မြေပြင်ဖြစ်နေပြီ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...