ဒီနေ့မနက်ပိုင်းစစ်ကိုင်းတိုင်းဘက်မှာစစ်ကောင်စီတိုက်လေယာဥ်တစ်စင်းပျက်ကျပြီးလေယာဉ်မှုးပါသေဆုံးသွားတယ်။သေဆုံးသွားတဲ့လေယာဉ်မှူးကအိမ်ထောင်ကျပီးတာမကြာသေးဘူး။တနိုင်ငံလုံးကပြည်သူတွေကတော့ဝမ်းမြောက်ဝမ်းသာထောပဌာပြုကြတယ်။ဒါကိုကြည့်ခြင်းအားဖြင့်စစ်တပ်အသိုင်းအဝိုင်းကသူတွေနာတတ်ရင်နာဖို့ကောင်းနေပြီ။သူတို့ဘယ်လိုပဲသေသေဘယ်ပြည်သူမှဝမ်းနည်းမနေတဲ့အပြင်ကောင်းချီးသြဘာတောင်ပေးကြသေးတယ်။ဒါလဲမနာတတ်ကြဘူး။စစ်အာဏာရှင်လက်တစ်ဆုပ်စာလူတစ်စုကိုပဲအသက်ပေးပြီးကာကွယ်နေကြတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်ခင်မှာပဲဟွန်ဆန်ကမင်းအောင်လှိုင်ကိုလက်လျော့လိုက်ပြီလို့စိတ်ပျက်လက်ပျက်ပြောသွားတယ်။ခေါင်းမာတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်တွေအကြောင်းကောင်းကောင်းကြီးသိသွားလေရဲ့။ဒီနှစ်အလှည့်ကျဥက္ကဌကြီးကလက်လျော့လိုက်ပီဆိုတော့အာဆီယံရဲ့ဖြေရှင်းနိုင်မှုဟာဇတ်မြောကြီးပဲဖြစ်နေဦးမယ်။