တော်လှန်ရေးမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့သူအများစုရဲ့နေအိမ်တွေချိတ်ပိတ်ခံနေရတယ်။စစ်ကောင်စီဟာသူတို့မထင်ရင်မထင်သလိုစွပ်စွဲပြီးနေအိမ်တိုက်ခန်းတွေကိုချိတ်ပိတ်နေတာတနိုင်ငံလုံးမှာအတော်များနေပြီ။အထူးသဖြင့်မြို့ကြီးတွေမှာပေါ့။ရွာတွေဘက်မှာမီးရှို့ခံနေသလိုမြို့တွေပေါ်မှာလဲအိမ်တွေချိတ်ပိတ်ခံနေရတယ်။ခံစားရတဲ့ပြည်သူအတွက်တော့ဒီတိုက်ပွဲဟာနိုင်မှဖြစ်မယ်။
ဆက်သွယ်ရေးကုမ္မဏီတယ်လီနော်ရဲ့လက်လွှဲရောင်းချမှုဟာလဲအခုချိန်ထိပြသာနာတက်နေဆဲပဲ။ဝယ်ယူမယ့်ကုမ္မဏီတွေထဲမှာစစ်တပ်ပိုင်ကုမ္မဏီတွေပါဝင်နေလို့အရပ်ဖက်အဖွဲ့အစည်းတွေကဝိုင်းဝန်းကန့်ကွက်တိုင်တောနေကြတယ်။နော်ဝေးအစိုးရကတော့ဒီကိစ္စကိုသူတာဝန်မယူနိုင်ဘူးပြောတယ်။ဒါကြောင့်တယ်လီနော်သုံးစွဲသူတွေရဲ့သတင်းအချက်အလက်ပေါက်ကြားနိုင်မှုဟာအတော့်ကိုစိုးရိမ်စရာကောင်းနေပြီ။တယ်လီနော်ထွက်သွားခဲ့ရင်မြန်မာပြည်မှာသမာသမတ်ကျတဲ့ဆက်သွယ်ရေးအော်ပရေတာဆိုလို့အော်ရီဒူးပဲကျန်တော့မယ်။