ကိုဗစ်စတုတ္ထလိုင်းမြန်မာပြည်ကိုဝင်ရောက်လာပါပြီ။မျိုးကွဲသစ်အိုမီခရွန်ကြောင့်ရန်ကုန်၊မန္တလေးအပါအဝင်တနိုင်ငံလုံးမှာလူတွေတော်တော်များများနာမကျန်းဖြစ်နေကြတယ်။အခုမျိုးကွဲသစ်ကနည်းနည်းပျော့လို့တော်သေးတယ်။အသေအပျောက်ရှိတဲ့အသံတွေမကြားမိသေးဘူး။
စစ်ကောင်စီကတော့အခုမှဟန်ပြကွာရတင်းစင်တာတွေစလုပ်တုန်းပဲ။စစ်ကောင်စီဟာကိုဗစ်ကိုထိထိရောက်ရောက်ကာကွယ်ဖို့စိတ်ကူးမရှိဘူး။ကိုဗစ်ကိုအသုံးချပြီးပြည်သူတွေကိုဒုက္ခရောက်အောင်၊တော်လှန်ရေးကိုမကူညီနိုင်အောင်ပြုလုပ်ဖို့သာကြံစည်နေတယ်။တတိယလှိုင်းတုန်းကလဲထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးတဲ့အပြင်ဆေးတွေ၊အောက်ဆီဂျင်အိုးတွေကိုရည်ရွယ်ချက်ရှိရှိကန့်သတ်ခဲ့လို့ပြည်သူအများအပြားသုသာန်မဆံတော့တဲ့အထိသေဆုံးခဲ့ရတယ်။
အခုလဲတနိုင်ငံလုံးကိုရောဂါဖြန့်ဝေဖို့ကြံစည်နေပြန်ပြီ။ရန်ကုန်ကစက်ရုံကြီးတစ်ခုကကိုဗစ်ကူးစက်ခံနေရတဲ့ဝန်ထမ်းတွေကိုလော့ဒေါင်းမချပဲတရုတ်နှစ်သစ်ကူးပိတ်ရက်မှာနယ်ပြန်ဖို့ခွင့်ပြုပေးခဲ့တယ်။ဒါပေမယ့်ရောဂါပိုးဟာသိပ်ပြင်းထန်မှုမရှိတာကြောင့်သူတို့ဖြစ်စေချင်သလိုဖြစ်လာမှာတော့မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်ဒီကာလမှာကျန်းမာရေဂရုစိုက်သင့်တယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...