ဒီနေ့ပြည်ထောင်စုနေ့မှာပြည်သူအားလုံး Black TV Day ကန်ပိန်းပြုလုပ်ကြတယ်။နေပြည်တော်မှာကျင်းပတဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ဗိုလ်ရှုသဘင်ပွဲနဲ့ပတ်သက်ပြီးဘာမှမရေးကြ၊မတင်ကြ၊မရှယ်ကြဖို့ပဲ။ပြည်သူတွေဘက်ကတော့တကယ်ညီတယ်။သတင်းဌာနကြီးတွေကအစထိုပွဲနဲ့ပတ်သက်ပြီးဘာမှတက်မလာဘူး။မင်းအောင်လှိုင်တစ်ယောက်အချိန်ကုန်ခံ၊ငွေကုန်ခံ၊အလုပ်ရှုပ်ခံပြီးဘုရင်ရူးသမျှပြည်တွင်းမှာရောနိုင်ငံတကာမှာပါဘယ်သူမှအဖက်လုပ်ခြင်းမခံရပဲဆုံးဆုံးမြုပ်သွားတယ်။အဲ့ဒီလိုဘယ်သူမှအရေးစိုက်တဲ့ပွဲကိုအောင်အောင်မြင်မြင်လုပ်နိုင်ဖို့စစ်ကောင်စီဟာမနက်မှညအထိမိုဘိုင်းအင်တာနက်တွေဖြတ်တောက်ထားသေးတယ်။ပွဲမလုပ်ခင်ညမှာလဲနေပြည်တော်တခွင်မှာPDF တွေကဖောက်ခွဲမှုတွေပြုလုပ်ခဲ့တာကြောင့်လဲဖြစ်မှာပေါ့။
တော်လှန်ရေးသမားတွေဘက်ကဒီနေ့ညနေပိုင်းမှာလက်ခုပ်တီး၊ဟွန်းတီးလက်သုံးချောင်းထောင်ကမ်ပိန်းပြုလုပ်ဖို့ဆော်သြခဲ့ပေမယ့်လူသိပ်မသိတာကြောင့်မအောင်မြင်ခဲ့ဘူး။ဒီအရေးတော်ပုံမှာလူထုသပိတ်တွေနည်းမျိုးစုံနဲ့ဆက်ရှိနေဖို့ကအရေးကြီးတဲ့အချက်တစ်ခုဖြစ်နေသေးတယ်။