ဒီလပိုင်းတွေမှာရဲစခန်းတွေအတိုက်ခံရတဲ့ဖြစ်စဉ်တွေပိုစိပ်လာတယ်။အထူးသဖြင့်စစ်ကိုင်းတိုင်းထဲမှာဖြစ်ပွားမှုအများဆုံးဖြစ်နေတယ်။PDFတွေဟာအရင်လိုချုံခိုမိုင်းဆွဲအဆင့်မဟုတ်တော့ပဲရဲစခန်းတွေအထိဝင်ရောက်တိုက်ခိုက်နိုင်နေပြီ။မုံရွာမှာဆိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်တောင်လျော့တိုက်ဒုံးတွေနဲ့မကြာခဏတိုက်ခိုက်ခံနေရပြီ။လက်လုပ်လက်နက်တွေကိုယ်တိုင်ထုတ်လုပ်လာနိုင်တဲ့အတွက်လက်နက်အင်အားလဲအတန်အသင့်ရှိလာခဲ့ပြီ။
တဖက်မှာလဲရွာတွေမီးရှို့ခံရမှုတွေ၂၀၂၂မှာပိုမိုများပြားလာတယ်။ဒီနှစ်လမပြည့်ခင်အတွင်းမှာပဲစစ်တပ်ဟာအိမ်ခြေ၄၅၀၀ ကျော်မီးရှို့ဖျက်စီးခဲ့ပြီးအဲ့ဒီထဲကတဝက်ကစစ်ကိုင်းတိုင်းဖြစ်နေတယ်။စစ်ကောင်စီရဲ့ယုတ်မာရိုင်းစိုင်းမှုတွေကိုစစ်ကိုင်းတိုင်းကပြည်သူတွေအလူးအလဲခံနေရရှာတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


