ဖေဖော်ဝါရီ၁၂မှာကျရောက်မယ့်ပြည်ထောင်စုနေ့မှာငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့စစ်ကောင်စီကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဖိတ်ကြားထားတယ်။အပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော၊မထိုးထားတဲ့အဖွဲ့တွေရောပေါ့။ အခုလက်ရှိမြေပြင်မှာတိုက်ပွဲဖြစ်နေကြတဲ့ဒေသတွေကအဖွဲ့တွေအပါအဝင်အများစုကတော့တက်ရောက်မယ်မထင်ဘူး။အဖွဲ့ကြီးတွေဖြစ်တဲ့KIAနဲ့KNUကတော့စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုကိုလုံးဝအယုံအကြည်မရှိဘူးလို့ပြတ်ပြတ်သားသားပြောထားတယ်။မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့MNDAA.TLNA.AA တို့ကလဲမတက်ဘူးတဲ့။တက်ရောက်မယ့်သူတွေကလည်းအဖွဲ့ငယ်လေးတွေပဲဖစ်လိမ့်မယ်။ အဲ့ဒီတော့ထိုဆွေးနွေးပွဲကဟန်ပြပဲဖြစ်လာလိမ့်မယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...