ရန်ကုန်မှာစစ်ကောင်စီကမနက်ကတည်းကပြည်ထောင်စုအလံတော်သယ်ယူပွဲလုပ်နေတယ်။အဓိကလမ်းမကြီးတွေဖြစ်တဲ့ပြည်လမ်းနဲ့ကမ္ဘာအေးဘုရားလမ်းတွေကိုပိတ်ထားလို့ခရီးသွားပြည်သူတွေဒုက္ခရောက်ကုန်တယ်။အရင်ကထိုအခမ်းအနားတွေလုပ်ရင်လမ်းပိုင်းအလိုက်ပဲပိတ်လေ့ရှိတာ။အခုတော့အကြောက်လွန်ပြီးလမ်းကြောတစ်ခုလုံးကိုပိတ်ထားတာတော့တော်တော်ကိုအဆင်မပြေဘူး။
နေလည်ပိုင်းမှာပြည်လမ်းပေါ်ကလူကူးခုံးကျော်တံတားတစ်ခုမှာစစ်အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းချိတ်ဆွဲနေတဲ့လူငယ်လေးတစ်ယောက်ကိုစစ်သူပုန်တွေပစ်သတ်လိုက်ကြတယ်။ဟိုတလောကကြည်မြင်တိုင်မှာစစ်ကားနဲ့ဝင်တိုက်သွားတဲ့ဖြစ်ရပ်လိုပဲပေးဆပ်ရမှုတွေဟာတန်ဖိုးကြီးလွန်းတယ်။ဒီဗီနိုင်းချပ်ကလေးမှာ ဒီလူငယ်တွေရဲ့ အသက်ဝိဉာဉ်တွေပါတယ်။ဒီဗီနိုင်းချပ်ကလေးမှာ ဒီလူငယ်လေးတွေရဲ့ မျှော်လင့်ချက်တွေပါတယ်။ဒီဗီနိုင်းချပ်ကလေးမှာ ဒီလူငယ်လေးတွေရဲ့ အများအကျိုးအတွက် အသက်စွန့်ချင်စွန့်ရပါစေဆိုတဲ့ရဲရင့်မှုတွေပါတယ်။ထိုလူငယ်လေးအသက်နဲ့ရင်းပြီးချိတ်ဆွဲသွားခဲ့တဲ့ဗီနိုင်းဟာကမ္ဘာ့တန်ဖိုးအကြီးဆုံးဗီနိုင်းပဲ။