ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကင်းဝန်မင်းကြီးဦးကောင်း၏ဇာတိမြေ မင်းတိုင်ပင်ရွာကို စစ်ခွေးကောင်ရေ၁၀၀ကျော်နဲ့ဝင်မွှေနေပါတယ်။နေ့လယ်ပိုင်း၁၁နာရီခန့်ကတည်းကပျူတွေနဲ့စစ်ခွေးတွေပေါင်းပြီး စာသင်ကျောင်းထဲ တပ်စွဲပါတယ်။ လူသားဒိုင်းအဖြစ် တွေ့ရာလူဖမ်းတာ ငါးဆယ် ကျော်ပြီလို့ သိရပါတယ်။ ရွှေဆိုင်တခုဖောက်ခံရသလို၊ စျေးသည်ရွာဖြစ်တဲ့ မင်းတိုင်ပင်ဟာ စစ်ခွေး တွေအတွက် ရိက္ခာတွင်းလိုဖြစ်နေတော့ ဆိုင်အများစုကို ဖောက်ထွင်းပြီး ကုန်ကား ၇ စီးတိုက်ကျော် ခိုးယူသွားပါတယ်။ လက်ရှိထိ စစ်ခွေးတွေခိုးယူနေမှုဟာ တန်ဖိုးအားဖြင့် သိန်းပေါင်း ၄၊၅ထောင်ဖိုးခန့် ရှိပြီလို့တွက်ချက်မိပါတယ်။လက်ရှိအချိန်ထိဓားစာခံတွေကိုလွှတ်မပေးသေးသလိုဆက်လက်မွှေနှောက်ခိုးယူနေဆဲပါ။ မင်းတိုင်ပင်ရွာကို မွှေနှောက်ခိုးယူခံရခြင်းဟာ ပုလဲနယ်ရဲ့နှလုံးအိမ်ကို ဖျက်ဆီးခြင်းလို့ သတ်မှတ်ပါတယ်။ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ကမ်းဒေသရဲ့ အားအထားရဆုံးရွာတွေထဲက တရွာဖြစ်တဲ့ မင်းတိုင်ပင်ရွာအတွက် ဓမ္မဘက်တော်သားများ စောင်မပေးကြပါ။
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ) ရန်ကုန်မှာပေါ်တာဆွဲမှုတွေဟာ...