စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ရွာစိုးရွာကိုစစ်သူပုန်တွေဝင်ရောက်မီးရှို့သွားတယ်။အိမ်ဝန်းထဲတွေမှာသိမ်းထားတဲ့စပါးချွေလှေ့စက်တွေပါဖျက်စီးသွားတယ်။ထိုဒေသတဝိုက်ကနာမည်ကြီးရွှေဘိုပေါ်ဆန်းဆန်ထွက်တဲ့နေရာတွေပါ။အခုစပါးရိတ်ချိန်မှာရွာမီးရှို့ခံရပြီးစက်တွေပါဖျက်စီးခံလိုက်ရတော့ဒေသခံတွေအတော်အခက်အခဲဖြစ်နေကြတယ်။တချို့ရွာတွေဆိုရင်ကိုယ့်လယ်ထဲကစပါးရိတ်ဖို့တောင်စစ်သူပုန်တွေကိုတစ်ဧကနှစ်သိန်းနှုန်းပေးနေရတယ်။ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့စစ်တပ်ပဲ။
စစ်ကိုင်တိုင်းထဲကတချို့PDFစခန်းတွေလဲဒီလထဲမှာစစ်တပ်ကပိုက်စိတ်တိုက်စစ်ကြောင်းထိုးနေလို့ကျကုန်ကြပြီ။တချို့စခန်းတွေကတော့PDFရဲဘော်လေးတွေမကျဆုံးပဲပစ္စည်းတွေပဲဆုံးရှုံးတယ်။တချို့စခန်းတွေကတော့လူရောပစ္စည်းတွေပါထိကုန်တယ်။တော်လှန်ကာလကြာရှည်လာတာနဲ့အမျှကိုယ့်ဘက်ကထိခိုက်ကျဆုံးမှုတွေရှိလာပြီ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...