ကရင်ပြည်နယ်KNUနယ်မြေဖာပွန်မြို့ကNon CDMစစ်ကောင်စီဝန်ထမ်းတွေကိုဖေဖော်ဝါရီ၁၀ရက်နေ့နောက်ဆုံးထားပြီးထွက်ခွာကြဖို့KNUကကြေငြာလိုက်တယ်။အလားတူပဲစစ်ကိုင်းတိုင်းမြောင်၊ကောလင်း၊ချင်းပြည်နယ်တွေမှာလဲNon CDMဝန်ထမ်းတွေထွက်သွားဖို့ထုတ်ပြန်ချက်တွေထွက်လာတယ်။
အာဏာသိမ်းကာလတစ်နှစ်ပြည့်ခါနီးမှာNUGဟာနယ်မြေစိုးမိုးမှုရယူနိုင်မယ့်အခြေအနေဟာတဖြည်းဖြည်းနဲ့တော့ရုပ်လုံးပေါ်လာပြီ။အခုလောလောဆယ်ရွာတွေကိုPDFတွေစိုးမိုးထားပြီးမြို့တွေပေါ်ကစစ်ကောင်စီယန္တရားကိုရပ်တန့်သွားအောင်လုပ်နိုင်ရင်အဲ့ဒီနယ်တွေမှာစစ်ကောင်စီဟာအသက်မဲ့သလောက်ဖြစ်သွားပြီ။တော်လှန်ရေးအဖွဲ့တွေရဲ့Non CDM တွေထွက်သွားဖို့ကြေငြာချက်တွေမှာDead lineကိုဖေဖော်ဝါရီ၁၀ရက်ပေးထားတော့အဲ့ဒီနောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်စားစရာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


