ဖေဖော်ဝါရီ၁ရက်နေ့မှာပြုလုပ်မယ့်အသံတိတ်သပိတ်ကိုစစ်ကောင်စီဟာအလွန်အမင်းကြောက်လန့်နေတယ်။အသံတိတ်သပိတ်မအောင်မြင်ဖို့နည်းမျိုးစုံသုံးပြီးကြိုးစားနေတယ်။စျေးတွေ၊ဆိုင်တွေကိုအတင်းဖွင့်ခိုင်းတယ်။အဲ့ဒီနေ့မှာပိတ်မယ်လို့ဆိုရှယ်မီဒီယာတွေမှာတင်မိတဲ့ဆိုင်ပိုင်ရှင်တွေကိုမတရားဖမ်းဆီးနေတယ်။အဲ့ဒီနေ့မှာပဲတပ်ထောက်ခံပွဲတွေပြုလုပ်ဖို့စီစဉ်နေတယ်။မန္တလေးမှာဆိုနေ့ခင်းကြောင်တောင်စက်ဘီးစီးပြိုင်ပွဲလုပ်မယ်တဲ့။သွေးရူးသွေတန်းနဲ့ထင်ရာမြင်ရာတွေအကုန်လျှောက်လုပ်ခိုင်းနေတယ်။သူတို့ကအဲ့ဒီလိုဖျက်စီးလေလေ၊ပြည်သူကသပိတ်အောင်မြင်ဖို့စိတ်အားထက်သန်လေလေဆိုတာမသိကြဘူး။ဘယ်လိုပဲနှောက်ယှက်နေပါစေအဲ့ဒီနေ့အောင်မြင်မှာသေချာတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


