မိုဘိုင်းအင်တာနက်တွေမှာVPNသုံးရင်အရေးယူလို့ရမယ့်ဆက်သွယ်ရေးဥပဒေတစ်ခုကိုစစ်ကောင်စီကပြဌာန်းဖို့ကြိုးစားနေပြီ။ဒါပေမယ့်ဥပဒေတောင်တရားဝင်မထွက်သေးပဲမြေပြင်မှာတော့ဖုန်းထဲမှာVPN Applicationတွေ့ရင်ဖမ်းဆီးမှုတွေစတင်လုပ်ဆောင်လာတယ်။အရင်ကဖုန်းတွေစစ်ရင်ဖေ့ဘုတ်ကိုအဓိကစစ်ပေမယ့်အခုVPN တွေပါစစ်နေပြီ။ တွေ့ရင်ဖုန်းသိမ်းမယ်၊ငွေတောင်းမယ်။ အဓိကကတော့အောက်ခြေမှာစစ်ကောင်စစ်တပ်သားတွေငွေညှစ်ဖို့ပိုပြီးအဆင်ပြေသွားတယ်။အခုဆိုအပြင်သွားရင်ဖုန်းထဲကfacebook,VPNတွေဖျက်၊အိမ်ရောက်ရောက်ရင်ပြန်ထည့်နဲ့အရေးမပါတဲ့အလုပ်တွေလုပ်နေရတယ်။
ဖုန်းဆိုတာလူတစ်ယောက်ရဲ့pravicyပဲ။အခုတောင်လူ့အခွင့်အရေးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ရုံတင်မကပဲသူခိုးဓားမြတွေလိုငွေတောင်းနေကြတယ်။ပြည်သူတွေရဲ့အင်တာနက်အသုံးပြုနိုင်မှုကိုလဲတရစ်ပီးတရစ်ပိုမိုတင်းကျပ်လာနေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


