ပြည်သူတွေကိုသတင်းအချက်အလက်ပိတ်ဆို့ဖို့အမိန့်ကြေငြာချက်တစ်ခုမနေ့ကစတင်အသက်ဝင်တယ်။အဲ့ဒီမှာဆင်းကဒ်တစ်ကဒ်ကျပ်၁၅၀၀ကနေနှစ်သောင်းဖြစ်သွားတယ်။တော်လှန်ရေးတပ်ဖွဲ့တွေအဝေးထိန်းမိုင်းတွေခွဲရာမှာဆင်းကဒ်တွေကိုပေါပေါများများအသုံးပြုနေလို့အဲ့ဒီလိုကန့်သတ်လိုက်တာပဲ။အရင်လိုဆင်းကဒ်တစ်ခုငါးသိန်းခေတ်ကိုတဖြည်းဖြည်းနဲ့ပြန်သွားနေပြီ။
ပိုဆိုးတာကမကြာမှီကစျေးတက်ထားတဲ့ မိုဘိုင်းဒေတာအသုံးပြုခတွေကိုအခွန်၁၅ရာခိုင်နှုန်းထပ်ကောက်ပစ်တယ်။ဒီတခါတော့အိမ်သုံးဖိုင်ဘာအင်တာနက်ဆားဗစ်တွေပါအကြုံးဝင်လာတယ်။ဖုန်းမိုဘိုင်းဒေတာစျေးနှုန်းဟာအခြေခံလူတန်းစားတွေအတွက်အတော်အခက်အခဲဖြစ်သွားပြီ။ဖိုင်ဘာအင်တနက်လုံးဝမရှိတဲ့နယ်မြို့လေးတွေကပြည်သူတွေဆိုအင်တာနက်ကိုသုံးမရတော့သလောက်ဖြစ်သွားပြီ။သတင်းအချက်အလက်စီးဆင်းမှုနှေးလာရင်ပြည်သူတွေပါဝင်နှုန်းနည်းလာမယ်။ဒါဟာတော်လှန်ရေးကိုထိခိုက်နိုင်တယ်။မြန်မြန်မနိုင်ရင်တနိုင်ငံလုံးအမှောင်လောကထဲမှာအကျဉ်းကျလောက်တယ်။