မင်းအောင်လှိုင်ဟာလာမယ့်ပြည်ထောင်စုနေ့မှာဗိုလ်ရှုသဘင်အခမ်းအနားလုပ်ဖို့နေပြည်တော်မှာပြင်ဆင်နေတယ်။ပြည်သူတွေကတော့ဗိုလ်ရူးသဘင်လို့ခနဲ့နေကြတယ်။ဗိုလ်ရှူသဘင်ဆိုတာ တရားဝင်နိုင်ငံတော်သမ္မတကြီးတွေမှသာပြုလုပ်လေ့ရှိကြတာပါ။နိုင်ငံတော်အာဏာကိုမတရားသိမ်းထားပြီးအကြမ်းဖက်နေတဲ့စစ်ခေါင်းဆောင်တစ်ယောက်ကဒါမျိုးအခမ်းအနားကိုလုပ်မယ်ဆိုတော့အတော်ရယ်စရာကောင်းနေတယ်။မတရားသဖြင့်ခေါင်းဆောင်ဖြစ်နေတုန်းမှာမလုပ်ဖူးတာတွေအကုန်လုပ်သွားမယ့်သဘောရှိတယ်။
ပြည်သူတွေဘက်ကလဲလာမည့်ဖေဖော်ဝါရီ၁ရက်နေ့မှာအာဏာသိမ်းနှစ်ပတ်လည်အသံတိတ်သပိတ်တနိုင်ငံလုံးမှာပြုလုပ်မယ်လို့ဆော်သြထားတယ်။တစ်နှစ်ပြည့်တဲ့အချိန်ထိစစ်အာဏာရှင်စနစ်ကိုလုံးဝဆန့်ကျင်နေလျက်ရှိကြောင်းဖော်ထုတ်ကြမယ်။ဒါဟာသုံးကြိမ်မြောက်အသံတိတ်သပိတ်ဖြစ်လာလိမ့်မယ်။