ဒီလအစပိုင်းမှာတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ကယားပြည်နယ်ကPDFတွေဟာကျည်မလုံလောက်မှုကြောင့်တိုက်ပွဲဖော်ဆောင်မှုတွေနားထားရတယ်လို့ကြားတယ်။ထိုဒေသကတပ်ဖွဲ့တွေဟာအခြားနယ်တွေထပ်စာရင်လက်နက်အင်အားအတော်အသင့်ပြည့်စုံနေပြီ။မြို့တော်လွိုင်ကော်ကိုတောင်ခြိမ်းခြောက်နိုင်နေပြီ။ဒါပေမယ့်ငွေကြေးမလုံလောက်မှုကြောင့်ကျည်ပြသာနာတက်နေတယ်။စစ်သူပုန်တွေကတိုက်ပွဲတွေမှာကျည်ဆံတွေပေါများစွာသုံးနေချိန်မှာPDFတွေကတော့ကျည်တစ်တောင့်ငါးထောင်နှုန်းပေးဝယ်နေရတယ်။ရင်ဆိုင်တိုက်ပွဲတွေများလာတာနဲ့အမျှတနိုင်ငံလုံးမှာဒီပြသာနာဟာကြီးထွားလာလိမ့်မယ်။NUG အနေနဲ့ကြိုပြင်ဆင်ထားရမယ့်အရာတစ်ခုပဲ။
ကယားကမြို့ကြီးနှစ်ခုဖြစ်တဲ့လွိုင်ကော်နဲ့ဒီမော့ဆိုကတော့အတော်ပျက်စီးသွားပြီ။ပြည်နယ်လူဦးရေရဲ့သုံးပုံနှစ်ပုံလောက်စစ်ဘေးရှောင်တွေဖြစ်ကုန်ပြီ။အရင်ကအေးချမ်းတဲ့ပြည်နယ်လေးအမြန်ပြန်လည်အဆင်ပြေပါစေလို့ဆုတောင်းမိတယ်။