Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စား၀တ်နေရေးခက်ခဲစေရန် စစ်ကောင်စီလုပ်ဆောင်နေဟု မန္တလေးလူထုပြော

စစ်အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်ပြီး မြို့ပြပြောက်ကျားများ အားကောင်းသည့် မန္တလေးတွင် မြို့ခံတို့ လူမှုဘဝများ အခက်တွေ့စေမည့် အစီအစဉ်များ ရှိနေသည်။

January 29, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မန္တလေးမြို့တွင် ဆိုင်ကယ်မောင်းသူများ၊ ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲခံရသူများ၊ ကျူရှင်ဆရာ၊ ဆရာမများမှာ စစ်ကောင်စီတပ်သားတို့၏ သိသိသာသာ ပစ်မှတ်ထားစစ်ဆေးမှုကို ခံနေရသူများ ဖြစ်သည်။

စစ်သား၊ ရဲ၊ ယာဉ်ထိန်းတို့ပါဝင်သည့် ၁၀ မှ ၁၅ ယောက်ခန့်ပါ၀င်သော အဖွဲ့များက မြို့တွင်းသွားလာနေသည့် ဆိုင်ကယ်များကို အကြောင်းပြချက်အမျိုးမျိုးပြ ဖမ်းဆီးနေပြီး ထိုအမှုများကို ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ ပိုမို တွေ့လာရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

မြို့တွင်းရှိ လမ်းဆုံလမ်းခွများမှ လမ်းကြားများအထိ ပိတ်ဆို့၍ စစ်ဆေးစဉ်ပေးသည့်အကြောင်းပြချက်များထဲတွင် လက်တစ်ဖက်တည်းဖြင့် ဆိုင်ကယ်မောင်းခြင်း၊ ဆိုင်ကယ်စီးစဉ် ဖုန်းပြောခြင်း၊ မောင်းသူ၏နောက်ဘက်တွင် လူမပါဘဲ ခြေနင်းခုံချထားခြင်း စသည့်အချက်များပါ ပါဝင်သည်။ နံပါတ်ပြားမပါသည့် ဆိုင်ကယ်များဆိုလျှင် တစ်ခါတည်း သိမ်းယူနေသည်ဟု မန္တလေးမြို့ခံများ၏အဆိုအရ သိရသည်။

အလားတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မဖောက်ဖျက်သည့် ဆိုင်ကယ်စီးသူများကိုလည်း ယုတ္တိမရှိသည့် အကြောင်းပြချက်များဖြင့် ဒဏ်ကြေးဟုဆိုကာ ငွေတောင်းနေသည်ဟု စစ်ဆေးမှုနှင့် နှစ်ကြိမ်ကြုံတွေ့ခဲ့ရသည့် မန္တလေးမြို့တွင်း နေထိုင်သူ ကိုမင်းသူက ဆိုသည်။

ဆိုင်ကယ်စီးအမျိုးသမီးတစ်ဦးထံမှ ငွေတောင်းသည်ကို ကိုယ်တွေ့ကြုံခဲ့ရဖူးသည်ဟု သူက ပြောသည်။

“သူလည်း (လိုင်စင်) ပါတယ်၊ (အချက်အလက်) စုံတယ်။ နောက်ဆုံး ဘာမှမတွေ့တော့ ဘာပြောလဲဆိုတော့ ဆိုင်ကယ်ညစ်ပတ်နေတယ်၊ ဘာလို့ ရေမဆေးထားတာလဲဆိုပြီး ငွေ ၃၀၀၀၀ တောင်းတာ”  ဟု ကိုမင်းသူက ပြောသည်။

“ဆိုင်ကယ် ကောင်းတာ၊ မကောင်းတာ ကြည့်ပြီး ငွေတောင်းတဲ့ပုံပဲ၊ ကျွန်တော့်ဆိုင်ကယ်က အစုတ်ဆိုတော့ ကျွန်တော့်တော့ အဲဒီလိုမတောင်းဘူး”

ဆိုင်ကယ်အသုံးပြုသူများပြားသည့် မန္တလေးရှိ အခြား မြို့ခံအမျိုးသားတစ်ဦးကလည်း ဒဏ်ကြေးတောင်းရာတွင် ကျိုးကြောင်းဆီလျော်မှုမရှိဟု ဆိုသည်။

“ဒဏ်ကြေးတောင်းတဲ့ အကြောင်းပြချက်ကတော့ ရယ်စရာကောင်းတယ်။ သူတို့ စစ်တော့ ကျွန်တော့်မှာက(အထောက်အထား) ပြည့်စုံနေတာ၊ နောက်ဆုံး ဆီတိုင်ကီဖွင့်ကြည့်ရော။ အဲဒီမှာ ဆီအပြည့်ဖြစ်နေတာ၊ ဆီအပြည့်ဖြည့်စီးလို့တဲ့ ဒဏ်ငွေ ၃၀၀၀ ပေးခဲ့ရတယ်”ဟု ထိုအမျိုးသားက ဆိုသည်။

ကုန်တင်ယာဉ် မောင်းသည့် မိတ်ဆွေတစ်ဦးလည်း ကုန်ပစ္စည်းများ အလေးချိန်ကြောင့် ကားဘီးအိကျနေသည်ကို လေပေါင်မပြည့်ဟု ရဲကအကြောင်းပြ ငွေတောင်း၍ ပေးခဲ့ရသည်ဟု သိရကြောင်း သူက ဆိုသည်။

ပစ်မှတ်ဖြစ်လာသော ကျူရှင်များ  

စစ်ကောင်စီသည် ဇန်နဝါရီ ဒုတိယပတ်မှစတင်ပြီး ရပ်ကွက်များအတွင်း မူလတန်းအထူးပြု ပုဂ္ဂလိကကျူရှင်များကိုလည်း ဝင်‌ရောက်စစ်ဆေးခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

ထိုသို့ ဝင်ရောက်ပြီးနောက် စာမသင်ရန်တားမြစ်ခြင်းကြောင့် ကျူရှင်အများအပြား ပိတ်ထားကြသည်ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်မို့မို့က ဆိုသည်။

“သူတို့ ဖွင့်တဲ့ကျောင်းကိုမတက်လို့ အခုလိုလုပ်တယ်လို့ထင်တယ်။ အခုကာလကြီးမှာ မိဘတွေအနေနဲ့က အိမ်ကနေ ဟိုဘက်အိမ်ကူးနေရင်တောင်မှ စိတ်မချရတဲ့အချိန်မှာ ကျွန်မအနေနဲ့က ကျောင်းမထည့်နိုင်ဘူး”ဟု သူက ပြောသည်။

“ပုံမှန်ဖြစ်နေပြီ။ သူတို့ အုပ်ချုပ်နိုင်ပါပြီဆိုတာမျိုး လုပ်ချင်တာက အဓိကပဲ။ သူတို့ဆီကို မတက်တာများတော့ အပြင်မှာလည်းမသင်ရဘူး။  သူတို့ကျောင်းမတက်ရင် ကလေးတွေပညာမတတ်ရဘူး။ အဲဒီလိုမျိုး”

ဆရာမတစ်ဦးကို နေအိမ်သို့ခေါ်ကာ ကလေးကို စာသင်စေသည်ဟု ဒေါ်မို့မို့က ဆိုသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်နေသည့် ကျောင်းဆရာမတစ်ဦးက ၎င်းတို့ကို လုပ်ငန်းခွင်ပြန်၀င်စေလိုသဖြင့် ဖိအားပေးခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆသည်။

“လူတွေကို စားဝတ်နေရေး အဆင်မပြေအောင်၊ ဒုက္ခရောက်အောင် လုပ်လိုက်တာပေါ့။ ရှင်းရှင်းပြောရရင်၊ ဆရာမ တွေက ကျောင်းကြမတက်ဘူး။ CDM လုပ်ပြီး အပြင်မှာကျူရှင်သင်စားနေတယ်၊ ဒီလိုမျိုးဟာကို မကြိုက်တာလည်း ပါမှာပေါ့” ဟု ဆရာမက ဆိုသည်။

CDM  ဆရာ/ဆရာမများသည် ကျူရှင်သင်ခြင်း၊ ဈေးရောင်းခြင်း စသည့်လုပ်ငန်းများလုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနေကြသည်။

နေအိမ်မှ ဖယ်ပေးရခြင်း  

မန္တလေးတွင် နေထိုင်သူများအနက် သံလမ်း၊ မီးရထားပိုင်မြေ၊ လျှပ်စစ်မီးတာဝါတိုင်၊ မြောင်းမြေ၀န်းကျင်အနီးတွင် နေထိုင်ကြပြီး ကျူးကျော်ဟုဆို ဖိအားပေးဖယ်ရှားခံရသူတို့၏ဒုက္ခက အမြင်သာဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင်လည်ပတ်လျက်ရှိသည့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဇန်နဝါရီလဆန်းတွင် မြို့နယ်ခြောက်ခုအတွင်းရှိ ကျူးကျော်သူများကို ဖယ်ရှားရှင်းလင်းမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာပြီး ထိုနေရာ၌ နေထိုင်နေသူများကို ရှင်းလင်းခဲ့သည်။

မန္တလေးနေရာအနှံ့အပြား ကျူးကျော်များကို စည်ပင်ဝန်ထမ်း၊ ရဲ၊ စစ်သားတို့က စက်ယန္တရားများဖြင့် ရောက်လာဖျက်ဆီးကြခြင်းဖြစ်ပြီး မန္တလေးမြို့အနောက်ထိပ် ဧရာဝတီမြစ်ဆိပ်ကမ်းဘေးတွင် ကျူးကျော်နေထိုင်သူများ စတင် ရှင်းလင်းခံရသည်။

အကြောင်းကြားစာရောက်ပြီး ၂ ရက်အကြာ ဇန်နဝါရီ ၇ တွင် စတင်ဖယ်ရှားခံရခြင်း ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်တာဝါတိုင်အနီးရှိ နေအိမ်ဖယ်ရှားခံရသူ အမျိုးသားတစ်ဦးက ဆိုသည်။

“အစကတည်းက ကျူးကျော်မှန်းတော့သိပါတယ်၊ ဝင်ငွေက မလောက်လို့ ကိုယ်ကနေရတာပါ။ အခုသူတို့က လာပြီးသေနတ်နဲ့ထောက်ပြီးဖယ်ခိုင်းတော့လည်း ရသလောက်ဆွဲပြီး ထွက်လာရတာပါပဲ”ဟု လက်သမားအလုပ်ကို လုပ်ကိုင်သည့် ထိုအမျိုးသားက ပြောသည်။

စည်ပင်က အကြောင်းကြားစာကို ၇ ရက်ခန့် ကြိုတင်အကြောင်းကြားခဲ့သည်ဟု ပြောဆိုသူများရှိသော်လည်း အကြောင်းကြားစာလာပေးသူသည် အိမ်တိုင်းစေ့သို့ မရောက်ခဲ့ဘဲ လမ်းသင့်ရာ နှစ်အိမ်ခန့်တွင် စာရွက်ပေးခဲ့ပြီး ပြန်သွားခဲ့သည့်အတွက် မသိကြခြင်းဖြစ်ကြောင်း ဆိုကြသည်။

ငွေကုန်ကြေးကျခံကာ မြေဝယ်ယူပြီး အိမ်အခိုင်အမာဆောက်လုပ်နေထိုင်သူတချို့လည်း ဖယ်ရှားခံရသည်ဟု မန္တလေးမြို့သား ဦးရှိန်ဝင်းက ဆိုသည်။

“အမျိုးတစ်ယောက်က မြို့သစ်ထဲ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက  မြေဝယ်ပြီးတော့ အိမ်ကြီးအိမ်ကောင်းနဲ့ နေတာ၊ အခုက သံလမ်းနဲ့ မြောင်းကြားမှာ မလွတ်လို့ဆိုပြီး ဖျက်ရတာ” ဟု  ဦးရှိန်ဝင်းက ဆိုသည်။

“အခုအဲဒီမြေဆို သိန်းထောင်ချီပေးရမဲ့မြေနေရာ၊ အခုတော့ ရှိသမျှကုန်တာပဲ”

နှစ်ပေါင်း ၂၀ ကျော်ခန့် နေထိုင်သူများလည်း သံလမ်းမြေ၊ မြောင်းမြေနှင့်မလွတ်ဟုဆိုသော အကြောင်းပြ အမိန့်ပေးမှုကြောင့် ဖယ်ရှားပေးကြရသည်ဟု နှစ်ပေါင်း ၂၀ ကျော်ခန့်နေထိုင်သူများလည်း အောင်မြေသာစံမြို့နယ် အတွင်းမှ သံလမ်းမြေနှင့်မလွတ်ဟုဆိုကာ ဖယ်ရှားခံရသူ မစုမိုးက ပြောသည်။

“ကျွန်မတို့အိမ်ထောင်ကျတော့ ကျူးကျော်လည်းမနေချင်၊ အိမ်ငှားခနဲ့ဆိုလည်း ရေရှည်မလွယ်တာမို့ မစားရက်၊ မသောက်ရက် စုဆောင်းပြီး ဒီမြေလေးကို ဝယ်ထားတာ။ အခုတော့ ကလေးတွေလည်း သုံးယောက်ဖြစ်နေပြီ၊ ဘဝကို အစက ပြန်စရတော့မယ်”ဟု သူက ဆက်ပြောသည်။

မစုမိုးတို့၏နေအိမ်သည် သံလမ်းနှင့် ပေ ၅၀ ခန့် အကွာအဝေးတွင်ရှိပြီး စည်ပင်သာယာရေးကော်မတီက စိုက်ထူထားသည့် လမ်းမီးတိုင်များနှင့် ကတ္တရာလမ်းကလည်း သံလမ်းနှင့် နေအိမ်ကြားတွင် ခြားနေသေးသည်။

လက်ရှိတွင် ဖယ်ရှားခံရသူတို့သည် အိမ်ငှားနေထိုင်ခြင်း၊ ဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်ခြင်း၊ အိမ်ငှားခသက်သာသည့် မန္တလေးအနီးဝန်းကျင်တွင်ရှိသည့် ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ခြင်းများဖြင့် နေရေးပြဿနာကို ဖြေရှင်းနေကြရကြောင်း သိရသည်။

အိမ်ငှားခပင် မတတ်နိုင်သူများမှာ အခြားအဆင်ပြေမည်ထင်သည့် နေရာတွင် ပြန်လည်ကျူးကျော် ဆောက်လုပ်နေကြရသည်ကိုလည်း တွေ့ရသည်ဟု မန္တလေးမြို့ခံများထံမှ သိရသည်။

ကျူးကျော်ရပ်ကွက်၀န်းကျင်ကို ဖျက်ဆီးခြင်းသည် မြို့ပြပြောက်ကျားများ ခိုလှုံခြေရာဖျောက်နိုင်သည့် နေရာများကို ရှင်းလင်းခြင်းလည်း ဖြစ်နိုင်သည်ဟု တချို့က ယူဆသည်။

မြို့ပြပြောက်ကျားတို့ကို ကူညီသူများထဲတွင် ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများလည်း ပါ၀င်နိုင်သည်ဟု ဦးရှိန်၀င်းက ယူဆသည်။

“သူတို့ကို မတော်လှန်နိုင်အောင်လုပ်တာသက်သက်ပဲ။၊ နေစရာမရှိတဲ့ပြဿနာ၊ စားစရာမရှိတဲ့ ပြဿနာတွေနဲ့ လူတွေဒုက္ခရောက်နေရင် တော်လှန်နေတဲ့သူတွေကို မကူညီတော့ဘူး” ဟု မြို့ခံ ဦးရှိန်ဝင်းက မှတ်ချက်ပြုသည်။

“မကူညီနိုင်ရင် တော်လှန်တဲ့လူတွေ အခက်တွေ့မယ်၊ ဒါမျိုးဖြစ်အောင်လုပ်နေတာ”

မီတာခဆောင်ရန် ငြင်းဆန်မှု အခြေအနေ

စစ်ကောင်စီ ဝင်ငွေရလမ်း ခက်ခဲစေရန် ရည်ရွယ်ချက်နှင့် လျှပ်စစ်ဓာတ်အားခ မဆောင်သည့်နေအိမ်အများအပြား မန္တလေးတွင် ရှိခဲ့သည်။

ယခုအခါစစ်ကောင်စီကထိုအိမ်များကိုတအိမ်တက်ဆင်းလိုက်လံစစ်ဆေးနေရာဓာတ်အားဖြတ်တောက်ခံရမည်ထက် မီတာအလုံးလိုက်ဖြုတ်ယူခံရမည်နှင့် ကြိုးများဖြတ်တောက်ခံရမည်ကို စိုးရိမ်သည့်အတွက် မီတာခ ပြန်လည် ပေးဆောင်လာသူများလည်း ရှိသည်ဟု သိရသည်။

လျှပ်စစ် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းများကလည်း ပေးဆောင်ကြသည်။ တင်းခံထားလိုသူတို့ကလည်း ရပ်ကွက်အတွင်း ပစ်မှတ်ထားရန်ပြုခံရမည်ကို စိုးရိမ်ကြခြင်းကလည်း မီတာခပြန်ဆောင်သူများလာသည့် အကြောင်းရင်း တစ်ခုဖြစ်သည်ဟု ဆိုသည်။

လျှပ်စစ်မီတာရုံးတွင် နေ့စဉ် မီတာခလာပေးဆောင်သူ ၃၀၀ ခန့် အထိရှိလာကြောင်း မန္တလေးမြို့ခံတို့က ပြောသည်။

Source – Myanmar Now

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English