စက်သုံးဆီစျေးတွေတကျော့ပြန်တက်လာပြန်ပြီ။အရင်အစိုးရလက်ထက်ကတစ်လီတာလေးရာပဲရှိခဲ့တဲ့စျေးဟာအခုဆိုရင်တစ်လီတာ၁၆၀၀ရောက်နေပြီ။လေးဆခန့်ထိုးတက်သွာတဲ့သဘောပဲ။ဒေါ်လာစျေးလဲအဲ့လောက်မတက်ပဲနဲ့ဆီစျေးတွေထိုးတက်နေတာဖြစ်တယ်။ဆီသွင်းတဲ့ကုမ္မဏီကြီးတွေမှာလက်ကျန်နည်းနေတယ်လို့ကြားတယ်။ဆီဝယ်စရာဒေါ်လာမရှိကြတော့ဘူးလား။
စက်သုံးဆီစျေးဟာစီးပွားရေးအပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိတယ်။၂၀၀၇တုန်းကစက်သုံးဆီစျေးတွေတက်လို့ပြည်သူတွေစီးပွားရေးကြပ်တည်းပြီးရွှေဝါရောင်အရေးအခင်းဖြစ်ခဲ့တာပါ။အခုလဲနိုင်ငံကတဖြည်းဖြည်းနဲ့ပျက်စီးနေပါပြီ။မြန်မြန်ပျက်စီးမှပဲတော်လှန်ရေးမှာလူတိုင်းပါဝင်လာကြလိမ့်မယ်။