ကယားပြည်နယ်၊ ဖရူဆိုရှိ စစ်ဘေးရှောင်စခန်းကိုစစ်တပ်က လေယာဉ်ဖြင့်လာရောက် ဗုံးကျဲလို့ ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်။တိုက်ပွဲမရှိပဲစစ်ဘေးရှောင်စခန်းကိုသက်သက်လာရောက်ဗုံးကြဲသွားတာပါ။အခုဆိုရင်ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်အတိုင်ပင်ခံကောင်စီတွေပူးပေါင်းပြီးအရေးပေါ်သတိပေးချက်တွေ၊ဗုံးခိုကျင်းတွေတူးထားဖို့ကြေငြာချက်တွေထုတ်ပြန်ထားရတယ်။တဖက်မှာလဲလေယာဥ်မပျံသန်းရဇုန်သတ်မှတ်ဖို့တောင်းဆိုထားတယ်။No Fly Zoneကတော့ဝေးပါသေးတယ်။နိုင်ငံတကာအနေနဲ့အနည်းဆုံးIDP Camp တွေလောက်တော့လုပ်ပေးသင့်တယ်။အခုလိုပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေပြောင်ပြောင်တင်းတင်းကျူးလွန်နေတာတောင်ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းမှမလှုပ်ကြဘူး။ဒေါ်လာတွေလှူလိုက်တယ်သာကြားရပြီးအဲ့ဒီပိုက်ဆံတွေဘယ်ရောက်နေလဲ၊ဘယ်မှာသုံးနေလဲဘာမှမသိရဘူး။မြေပြင်မှာအပစ်မဲ့ပြည်သူတွေပေးဆပ်နေတယ်။ အားလုံးဟာလေအဆင့်ကအခုထိမတက်နိုင်သေးဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


