NUGကငွေတိုက်စာချုပ်တွေကိုပြန်လည်ရောင်းချနေပြီ။နိုဝင်ဘာလထဲကရောင်းချနေတာဖြစ်ပေမယ့်အနှောက်အယှက်အခက်အခဲမျိုးစုံကြောင့်ရောင်းချမှုကိုတလလောက်နားလိုက်ရတယ်။အခုပြန်ရောင်းနေတဲ့နှစ်ပတ်အတွင်းဒေါ်လာ၃.၆သန်းထပ်ရောင်းရတယ်လို့သိရတယ်။စာချုပ်ရောင်းတဲ့ကိုယ်စားလှယ်တစ်ယောက်ကတော့နာရီဝက်ကိုနှစ်ဦးနှုန်းဝယ်ယူနေတယ်လိုပြောတယ်။အခုလက်ရှိအချိန်ထိဒေါ်လာ၁၅သန်းဖိုးလောက်ရောင်းပြီးပြီလို့ခန့်မှန်းရတယ်။ပထမအဆင့်မှာအရေးပေါ်၂၅သန်းလောက်လိုတယ်တဲ့။ဒါတွေမြန်မြန်ရောင်းရမှာတော်လှန်ရေးဟာမြန်မြန်ရှေ့ရောက်မယ်။ကိုယ်တိုင်လဲဝယ်နိုင်ဖို့ကြိုးစားရဦးမယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...