မျှော်လင့်ချက်ပျောက်ဆုံးသွားကြတဲ့အကြောင်းကိုဆက်ပြောရရင်စစ်အာဏာမသိမ်းခင်ကလခစားဝန်ထမ်းပဲဖြစ်ဖြစ်၊ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ်၊လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်လူတိုင်းမှာရှေ့ဆက်အကောင်အထည်ဖော်မယ့်အိမ်မက်ကိုယ်စီရှိကြတယ်။ကိုယ့်အိမ်မက်ကိုလဲလွတ်လွတ်လပ်လပ်ဖန်တီးပိုင်ခွင့်ရှိကြတယ်။နိုင်ငံဟာရှေ့ဆက်သွားဖို့ပဲတာဆူနေတဲ့အတွက်လူတိုင်းဟာအလိုက်သင့်လိုက်ပါစီးမျောသွားရုံပဲ။
စစ်အာဏာသိမ်းလိုက်တော့အဲ့ဒါတွေအကုန်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။သိကြတဲ့အတိုင်းဘာမှလုပ်မရတော့ဘူး။ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်ဖြစ်၊ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်အနာဂတ်စီမံကိန်းတွေပျောက်ဆုံးကုန်တယ်။ဘယ်သူ့မေးမေးဒီအဖြေပဲထွက်တယ်။
အာဏာသိမ်းပီးတစ်နှစ်ပြည့်တဲ့အချိန်မှာအခြေအနေတွေကပိုမိုဆိုးရွားလာတယ်။တချို့တွေကစီးပွားပျက်သွားကြတယ်။တချို့တွေကမိသားစုဘဝပျက်သွားကြတယ်။တချို့တွေဆိုအသက်ပါပျောက်သွားကြတယ်။နိုင်ငံရဲ့အခြေအနေဟာစောက်ထိုးဆင်းလာတယ်။ဒီတော်လှန်ရေးမအောင်မြင်မချင်းလူတိုင်းဟာအနည်းနဲ့အများတော့ဒုက္ခရောက်နေကြမှာပဲ။