နိုင်ငံရေးအခြေအနေမကောင်းလို့နိုင်ငံခြားထွက်အလုပ်လုပ်ဖို့စိတ်ကူးမိပါတယ်။ပထမဆုံးပတ်စပို့လုပ်တဲ့အဆင့်မှာပဲစိတ်ကုန်သွားတယ်။ပတ်စပို့ရုံးမှာနိုင်ငံကူးလက်မှတ်လာလျှောက်တဲ့လူအုပ်ကြီးကထောင်နဲ့ချီတယ်။ပွဲစားတွေကခြေချင်းလိမ်နေတယ်။ရုံးထဲမှာလဲအဆင့်တိုင်းမှာလာဒ်ထိုးနေရတယ်ကြားတယ်။ပတ်စပို့ရုံးကအရင်ထဲကစစ်တပ်လက်အောက်မှာဆိုတော့ပိုဆိုးတယ်။ဒါတောင်လူအုပ်ကြီးကမနက်အစောကြီးကတည်းကလာရောက်ဒုက္ခခံပြီးတန်းစီနေကြတယ်ဆိုတော့လူတိုင်းကနိုင်ငံခြားထွက်ဖို့ပဲကြိုးစားနေကြလားမသိဘူး။ဒါလဲသူတို့ကိုအပြစ်မပြောသာဘူး။စစ်အာဏာသိမ်းထားတဲ့ဒီနိုင်ငံမှာအလုပ်အကိုင်အခွင့်အလမ်းဆိုတာရှိမှမရှိတော့ပဲ။
အောက်လမ်းကထွက်ဖို့ကြိုးစားတဲ့သူတွေလဲအများကြီးပဲ။ထိုင်းနယ်စပ်မှာဆိုနေ့စဉ်ထိုင်းနိုင်ငံထဲခိုးဝင်တဲ့မြန်မာတွေဖမ်းမိနေတာဆိုတနေ့တနေ့ရာဂဏန်းရှိနေတယ်။လူတိုင်းဟာမျှော်လင့်ချက်ကင်းမဲ့နေကြတယ်။