ပြည်တွင်းကအထည်ချုပ်စက်ရုံအလုပ်သမားများရဲ့အခြေအနေဟာအာဏာသိမ်းပြီးနောက်ပိုင်းအတော်လေးဆိုးရွားနေတယ်။စက်ရုံပိုင်ရှင်တွေရဲ့ခေါင်းပုံဖြတ်ခြင်းကိုအလူးအလဲခံနေရရှာတယ်။NLDအစိုးရလက်ထက်တုန်းကလိုတိုင်တန်းစရာအဖွဲ့အစည်းလဲမရှိတော့ဘူး။မကျေနပ်လို့ဆန္ဒပြကြမယ်ဆိုလဲစစ်တပ်ကိုခေါ်ပြီးဖမ်းခိုင်းသေးတယ်။
အထည်ချုပ်လုပ်ငန်းဆိုတာအရင်ကဆိုတိုင်းပြည်အတွက်ဝင်ငွေအတော်များများရှာပေးတဲ့လုပ်ငန်းတစ်ခုပါ။အခုတော့နိုင်ငံတကာကအော်ဒါတွေလဲမရတော့ဘူး။အော်ဒါမရတော့လုပ်သားတွေအချိန်ပိုလဲမဆင်းရ၊လုပ်အားခတွေလဲလျော့ကုန်ကြတယ်။စားဝတ်နေရေးကလဲရှိသေးတော့ခေါင်းပုံဖြတ်ခံရလဲကြိတ်မှိတ်ပြီးလုပ်နေရရှာတယ်။အာဏာရူးမင်းအောင်လှိုင်ကြောင့်ဒုက္ခရောက်နေကြတဲ့သူတွေထဲမှာအခြေခံလုပ်သားတွေထိပ်ဆုံးကပါတယ်။