စစ်ကိုင်းတိုင်းပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့လက်နက်ထုတ်လုပ်ရေးစခန်းကိုစစ်တပ်ကရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်သွားလို့အကုန်ပျက်စီးသွားတယ်။လူသေဆုံးမှုမရှိပေမယ့်ပစ္စည်းတန်ဖိုးသိန်းသုံးထောင်ဖိုးခန့်ဆုံးရှုံးသွားတယ်။PDFတွေအတွက်တော့ဒါဟာကြီးမားတဲ့ဆုံးရှုံးမှုပဲ။သူတို့လေးတွေအစကပြန်လုပ်ရတော့မယ်။
ကရင်ပြည်နယ်မှာလဲDKBAစခန်းတစ်ခုကိုစစ်တပ်ကသာလွန်အင်အားအမြောက်အများနဲ့တိုက်ခိုက်လို့ဆုတ်ခွာပေးလိုက်ရတယ်။လေးကေကော်ဒေသကိုလဲစစ်တပ်အုပ်စီးမိသလောက်ဖြစ်သွားပြီ။အခြေအနေတွေကိုကြားရသလောက်သိပ်မကောင်းလှဘူး။