ဒီလဆန်းပိုင်းကစပြီးစစ်သူပုန်တပ်ဟာနိုင်ငံတဝန်းမှာလေကြောင်းတိုက်ခိုက်မှုတွေကိုလှိုင်လှိုင်သုံးလာတယ်။ကရင်၊ကယား၊စစ်ကိုင်းနေရာအစုံမှာရဟတ်ယာဥ်တွေရော၊လေယာဥ်တွေပါပါလာတယ်။မြေပြင်ကခြေလျင်တပ်တွေလုံးဝတိုင်ခိုက်နိုင်စွမ်းမရှိတော့တာလဲပါမှာပေါ့။
ဒါပေမယ့်စစ်သူပုန်တွေရဲ့ထုံးစံအတိုင်းအရပ်သားပစ်မှတ်တွေကိုပါရည်ရွယ်ချက်ရှိရှိအကြောင်းမဲ့လေကြောင်းကတိုက်ခိုက်နေတယ်။စစ်ကိုင်းတိုင်းဖက်မှာအဆိုးဆုံးပဲ။ထီချိုင့်၊ဝက်လက်၊ပုလဲ၊ယင်းမာပင်စတဲ့တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာတိုက်ပွဲမဖြစ်ပဲရွာတွေကိုအကြောင်းမဲ့ပစ်ခတ်မီးရှို့နေတယ်။ဒေသခံပြည်သူတွေသေကြေပျက်စီးဒဏ်ရာရကုန်ကြတာလဲမနည်းတော့ဘူး။တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကဘယ်လိုမှပြန်လည်တိုက်ခိုက်လို့မရတာဟာလဲအတော်ခံပြင်းစရာကောင်းတယ်။စစ်ကောင်စီရဲ့ပရမ်းပတာလေကြောင်းတိုက်ခိုက်မှုတွေကိုဖြေရှင်းဖို့ဝိုင်းဝန်းအဖြေရှာဖို့ကောင်းပြီ။