စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာပုလဲPDFခေါင်းဆောင်ဗိုလ်နဂါးကိုစစ်တပ်ကရဟတ်ယာဉ်သုံးစီးတောင်သုံးပြီးအလစ်အငိုက်ဝင်ဖမ်းဖို့ကြိုးစားတယ်။ဗိုလ်နဂါးလွတ်မြောက်သွားပေမယ့်သူရှိနေတဲ့ဦးနှောက်ရွာလေးကတော့ဖျက်စီးခံလိုက်ရတယ်။အပြစ်မဲ့ရွာသားတွေကိုဖမ်းထားပြီးတချို့ကိုစစ်သူပုန်တွေကသတ်ပစ်လိုက်ကြတယ်။ယင်းမာပင်ပုလဲနယ်တကြောကဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတော့စစ်ကောင်စီကထိုဒေသကိုစီးမိဖို့ဒီရက်ပိုင်းအသည်းအသန်ကြိုးစားနေတယ်။အဲ့ဒီဒေသတွေဆိုရင်သပိတ်ပွဲတွေကိုPDFအစောင့်အရှောက်တွေနဲ့ပြန်လည်ကျင်းပနေကြပြီ။
ကရင်ပြည်နယ်လေးကေကော်ဒေသမှာတော့တိုက်ပွဲကြီးတွေမဖြစ်တော့ပေမယ့်ထိတွေ့မှုတွေတော့နေစဉ်ရှိနေတယ်။တိုက်ပွဲတွေကကော့ကရိတ်ဖက်ရွှေ့သွားတယ်။လေးကေကော်မြို့ထဲမှာတော့စစ်သူပုန်တချို့ခိုအောင်းနေပြီးပြည်သူပိုင်အိမ်ရာတွေကိုဖောက်ထွင်းခိုးယူနေကြတယ်။ထိုင်းနယ်စပ်သောင်ရင်းမြစ်နဘေးမှာတော့စစ်ရှောင်စခန်းတွေအပြည့်ပဲ။