လွိုင်ကော်မြို့ကတိုက်ပွဲတွေမှာစစ်ကောင်စီဖက်ကရဟတ်ယာဥ်တွေသာမကတိုက်လေယာဉ်တွေပါသုံးပြီးအပြင်းအထန်တိုက်ခိုက်နေတယ်။မြေပြင်မှာလဲတင့်ကားတွေပါအသုံးပြုလာတယ်။ ဒါတောင်မှသူတို့ဘက်ကဆက်လက်အထိနာနေဆဲပဲ။မနေ့ကတိုက်ပွဲမှာဆိုစစ်သူပုန်သုံးဆယ်ခန့်သေဆုံးပြီးရဟတ်ယာဉ်တစီးနဲ့တင့်ကားတစီးပစ်ချဖျက်စီးခံလိုက်ရတယ်။သံချပ်ကာယာဉ်တစီးဆိုရင်ဘီးကျွတ်တဲ့အထိမောင်းပြေးသွားတယ်။ဒါတောင်PDF တွေဘက်ကလက်နက်ခဲယမ်းပြည့်စုံသေးတာမဟုတ်ဘူး။
မြို့ထဲမှာလဲဘယ်သူမှမရှိတော့ဘူး။ပိတ်မိနေတဲ့ပြည်သူတွေကိုတော့PDFတပ်ဖွဲ့တွေကကယ်ထုတ်နေရတယ်။သူတို့ကယ်ထုတ်ရင်ဖိခိုက်ကျဆုံးမှုတွေရှိလာတယ်။အများစုကတော့လွိုင်ကော်မြောက်ဖက်ကတောင်ကြီး၊ဆီဆိုင်မြို့တွေဘက်ပြေးနေကြရတယ်။စစ်ဘေးရှောင်တွေကိုလမ်းမှာစစ်တပ်ကအစစ်အဆေးအတားအဆီးတွေလုပ်ပြီးငွေညစ်နေတယ်လို့သိရတယ်။တကယ်သူပုန်တွေပဲ။စစ်ရှောင်ဦးရေလဲတသိန်းကျော်တိုးလာပြီပေါ့။