စစ်ကောင်စီဟာပြည်သူတွေရဲ့ဆက်သွယ်ရေးကွန်ယက်ကိုရောအင်တာနက်သုံးဆွဲမှုကိုပါဖြတ်တောက်ဖို့တဆင့်ချင်းဆီကြိုးစားနေတယ်။အရင်ကတစ်ထောင်ခန့်သာရှိတဲ့ဆင်းကဒ်တွေကိုနှစ်သောင်းအထိစျေးနှုန်းမြင့်တင်လိုက်ပြီးဖုန်းဘေလ်တွေကိုပါအခွန်နှစ်ဆယ်ရာခိုင်နှုန်းပေးဆောင်ဖို့ထုတ်ပြန်လိုက်တယ်။အရင်လကလဲအင်တာနက်သုံးစွဲခတွေကိုနှစ်ဆမြှင့်တင်ပြီးပြီ။ဒီတခေါက်စျေးနှုန်းမြင့်တင်ရာမှာအိမ်သုံးအင်တာနက်လိုင်းတွေပါ ပါလာပြီ။ဒါဟာနိုင်ငံသားအခွင့်အရေးကိုအတိအလင်းချိုးဖောက်တာပဲ။
လက်ရှိစစ်ကောင်စီရဲ့အထိနာမှုတွေမှာအင်တာနက်နဲ့ဖုန်းတွေရဲ့ပယောဂမကင်းတာကြောင့်ဒါကိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ကြိုးစားနေတယ်။ခေတ်ကိုဆယ်စုနှစ်သုံးခုစာလောက်နောက်ပြန်ဆွဲနေတယ်။စစ်ကောင်စီလက်အောက်မှာဆိုရင်တော့မြန်မာပြည်မှာအမှောင်ခေတ်ထဲရောက်သွားလိမ့်မယ်။