ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာမြန်မာပြည်ကိုလာပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံတယ်။ကမ္ဘောဒီးယားဟာအာဆီယံအလှည့်ကျဥက္ကဌဖြစ်လာချိန်မှာအကြမ်းဖက်စစ်ခေါင်းဆောင်ကိုလာရောက်တွေ့ဆုံတာဟာစစ်ခေါင်းဆောင်ကိုအသိအမှတ်ပြုသလိုဖြစ်နေတာကြောင့်ဝေဖန်သံတွေဆူညံနေတယ်။
တကယ်လဲဟွန်ဆန်ဟာမင်းအောင်လှိုင်ကိုလူရာသွင်းဖို့ကြိုးစားနေတယ်။စစ်အာဏာသိမ်းပြီးနောက်မြန်မာပြည်ကိုရောက်လာတဲ့ပထမဆုံးအခြားနိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဟွန်ဆန်ကိုယ်တိုင်ဟာသက်တော်ရှည်အာဏာရှင်တစ်ယောက်ဖြစ်နေလို့ပဲ။သူတို့နှစ်ယောက်ဟာနှုတ်ခမ်းပဲ့ခြင်းမီးမှုတ်ဖို့ကြိုးစားနေကြတယ်။အာဆီယံသဘောတူညီချက်ငါးချက်ကိုလုံးဝလိုက်လျောမှုမရှိတဲ့မင်းအောင်လှိုင်ကိုဒီချိန်မှာလက်ခံလိုက်ရင်အာဆီယံဟာအရှက်ကွဲလိမ့်မယ်။အလှည့်ကျဥက္ကဌဟွန်ဆန်ကအတင်းအကြပ်ကြိုးစားရင်အားဆီယံဟာနှစ်ခြမ်းကွဲလိမ့်မယ်။ဒါကြောင့်အာဆီယံဟာအကြပ်ရိုက်နေပြီးဟွန်ဆန်သတိကြီးကြီးနဲ့စောင့်ကြည့်နေတယ်။
မြန်မာပြည်သူတွေရဲ့သဘောထားကတော့ရှင်းပါတယ်။ဟွန်ဆန်ပုံကိုမီးရှို့ဆန္ဒပြနေကြတယ်။သူမလာခင်လေးတင်ကမ္ဘောဒီးယားသံရုံးနားမှာဗုံးကွဲတယ်။မင်းအောင်လှိုင်ကိုသက်ဆိုးရှည်စေမယ့်ဘယ်အရာကိုမှလက်မခံပဲပြင်းပြင်းထန်ထန်ဆန္ဒပြနေကြတယ်။