ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့တိုင်း မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် ရပ်ကွက် အတော် များများမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ကစားပွဲတွေ၊ စည်စည်ကားကားကျင်းပလေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကတော့ ဘယ်နေရာမှာမှ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဘူး။မလွတ်လပ်ကြတော့လွတ်လပ်ရေးနေ့ဆိုတာတောင်မေ့နေကြပြီ။လွတ်လပ်ရေးနေ့အခမ်းအနားရပ်ကွက်ထဲမှာလုံးဝမရှိဘူး၊လွတ်လပ်ရေးနေ့မှန်းတောင်မသိဘူး၊ ကိုယ်တိုင်လည်းမလွတ်လပ်ဘူး။ဒီနေ့လွတ်လပ်ရေးနေ့ဆိုတာသိတောင်သိကြရဲ့လားမသိဘူး။
စစ်တပ်ကအာဏာမသိမ်းခင်ကိုဗစ်ကပ်ဘေးကာလဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်ကလွတ်လပ်ရေးနေ့မှာတောင် မိုးလင်းကမိုးချုပ်ပျော်ပွဲရွှင်ပွဲတွေလုပ်ခဲ့ကြပေမယ့်ဒီနှစ်ဘာမှမလုပ်ကြဘူး။တိုင်းရေးပြည်ရေးကလဲမကောင်းတော့လူတွေကလဲကြောက်လန့်ပြီးဘာမှမလုပ်ရဲ၊ဘယ်မှမသွားရဲကြဘူး။
ဒီနှစ်လွတ်လပ်ရေးနေ့ရောက်တယ်ဆိုပေမယ့် လုံးဝလွတ်လပ်တဲ့ လွတ်လပ်ရေးနေ့မဟုတ်ဘူး။ စစ်အာဏာရှင်လက်အောက်မှာဖြတ်ကျော်ရတဲ့လွတ်လပ်ရေးနေ့ဖြစ်တယ်။ ပြည်သူလူထုကလည်း လွတ်လပ် ရေးပြန်ဆုံးရှုံးတဲ့ အနေအထားရောက်သွားတယ်။ အဲဒီတော့ လူထုအနေနဲ့ကလည်း လုံးဝ မပျော်ပိုက်တော့ ဘူး။ အဲဒီအတွက်လည်း လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ် လူထုအနေနဲ့ ဘာမှမလုပ်ဘူး။
စစ်ကောင်စီကတော့တချို့မြို့ကြီးတွေမှာလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားပွဲတွေပြုလုပ်ခဲ့တယ်။
ဒီဇင်ဘာ ၀၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်၊ဗန်းမော်မြို့ကို KIAကဒီမနက်မှာပဲ စတင်တိုက်ခိုက်နေပါပြီ။ဗန်းမော်မြို့ဟာကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။နယ်မြေချင်းတဆက်ထဲတည်ရှိနေတဲ့ မံစီမြို့ကိုပါ...