မနေ့ကနှစ်သစ်ကူးနေ့မှာရန်ကုန်မြို့နေရာတော်တော်များများပေါက်ကွဲမှုတွေရော၊ပစ်ခတ်မှုတွေရောဖြစ်ပွားခဲ့တယ်။PDFတွေဖက်ကပျံလွှားအောင်စစ်ဆင်ရေးအတိုင်းအကောင်အထည်ဖော်တာဖြစ်ပြီးထိုစစ်ဆင်ရေးတွေထဲမှာအကြမ်းဆုံးဖြစ်သွားတာကမြောက်ဥက္ကလာရဲစခန်းကိုဝင်ရောက်ပစ်ခတ်မှုပဲ။တစ်နာရီကျော်ကြာပစ်ခတ်သံတွေကြားရပြီးဒုရဲအုပ်တယောက်သေဆုံးသွားတယ်။မနေ့ကထိုစစ်ဆင်ရေးတွေကြောင့်အကြမ်းဖက်လက်ပါးစေခြောက်ယောက်ခန့်သေဆုံးသွားတယ်။ဒါတောင်ရန်ကုန်ဟာကိုဇေယျာသော်တို့အဖွဲ့လိုက်ကြီးအဖမ်းခံခဲ့ရလို့အရှိန်လျော့သွားတာ။သူတို့သာဆက်ရှိနေမယ်ဆိုရင်စစ်ကောင်စီကထိန်းလို့ရမှာမဟုတ်တော့ဘူး။
အရင်နှစ်ကူးတွေမှာည၁၂နာရီထိုးရင် Happy New Year လို့အော်ကြပေမယ့်ဒီနှစ်တော့အရေးတော်ပုံအောင်ရမည်လို့တချို့ကအော်ကြတယ်။တချို့ကတော့မင်းအောင်လှိုင်ကိုဆဲဆိုပြီးဖြတ်သန်းကြတယ်။ကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပေါ်လာဖို့မျှော်လင့်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


