မကြာသေးမှီကမတရားထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ဟာကမ္ဘာ့ရုပ်အချောဆုံးအမျိုးသားစာရင်းမှာနံပါတ်တစ်နေရာရသွားတယ်။သူဟာနိုင်ငံတကာထိပေါက်ရောက်မှုရှိတဲ့မော်ဒယ်တစ်ယောက်ဖြစ်တယ်။ပုံမှန်အချိန်မှာဆိုဒီသတင်းဟာမြန်မာပြည်သူတွေအတွက်ကျေနပ်အားရစရာကောင်းနိုင်ပေမယ့်ဒီလိုအချိန်မျိုးမှာတော့ဝမ်းသာဝမ်းနည်းဖြစ်ရတယ်။ဘာပဲဖြစ်ဖြစ်ကမ္ဘာကအာရုံစိုက်မှုတစ်ခုရသွားတာပေါ့။
မတရားဖမ်းဆီးအကျဉ်းချခံနေရသူတွေထဲမှာပရဟိတသမားဆရာမကြီးဒေါ်သန်းမြင့်အောင်လဲပါသွားတယ်။သူမဆိုရင်ဘာနိုင်ငံရေးကိစ္စမှလုပ်တာမဟုတ်ဘူး။ဒါပေမယ့်လဲအာဏာသိမ်းကတည်းကဖမ်းဆီးထားပြီးအခုအမိန့်ချလိုက်တယ်။စစ်ကောင်စီဟာသူကြည့်မရတဲ့သူအားလုံးကိုမတရားပုဒ်မအမျိုးမျိုးတပ်ပြီးထောင်ချနေတာကိုတွေ့ရတယ်။