မနေ့ကဝမ်းနည်းစရာဖြစ်ရပ်တွေကြောင့်NUGကိုဝေဖန်သံတွေဆူညံလာတယ်။ကရင်ပြည်နယ်KNU တွေဖိတိုက်ခံနေရချိန်မှာNUGကဘာလုပ်နေလဲမေးကြတယ်။စစ်ကိုင်းတိုင်းကိုစစ်ကောင်စီကစစ်ဆင်ရေးတွေလုပ်တုန်းကလဲဒီလိုမျိုးဝေဖန်ကြဖူးတယ်။အဓိကကတော့NUGဟာPDFတွေကိုလက်နက်မတပ်ဆင်ပေးနိုင်လို့ပဲ။
NUGဟာသူ့လက်အောက်ကPDFတွေကိုတောင်မှအခုချိန်ထိလက်နက်မတပ်ဆင်နိုင်သေးဘူး။လေးကေကော်မှာတိုက်ပွဲတွေဖြစ်လာတော့PDFကလေးတွေဟာလက်ဗလာနဲ့မို့ဘာမှလုပ်မရပဲခံပြင်းနေကြတယ်။NUGသာဒီထက်အဆင်ပြေအောင်စွမ်းဆောင်နိုင်မယ်ဆိုရင်မနေ့ဖရူဆိုအဖြစ်ဆိုးမျိုးမကြုံတွေ့နိုင်ဘူးလို့လူထုကထင်ကြေးပေးကြတယ်။စစ်ကောင်စီကရက်စက်ယုတ်မာသမျှNUGအပေါ်ဒေါသတွေပုံကျလာကြတယ်။နောက်ဆုံးကာကွယ်ရေးဝန်ကြီးကိုယ်တိုင်ဆိုရှယ်မီဒီယာမှာထွက်ရှင်းရတော့တယ်။
NUGမှာလဲအခက်အခဲတွေတပုံတပင်ကြီးပဲ။ရှင်းရှင်းပြောရရင်ပြသာနာပေါင်းစုံကိုဖြေရှင်းဖို့အတွက်ငွေမရှိဘူး။အဓိကပြသာနာဖြစ်တဲ့လက်နက်တွေထောက်ပံပေးနိုင်ဖို့လုံလောက်တဲ့ဘဏ္ဌာရေးအရင်းအမြစ်တွေမရှိဘူး။ဆီးရီးယားတို့၊လစ်ဗျားတို့မှာနိုင်ငံကြီးတွေကအကုန်ထောက်ပံပေးကြပေမယ့်မြန်မာ့အရေးကြတော့လေကလွဲလို့ဘယ်နိုင်ငံမှဘာမှမထောက်ပံကြဘူး။NUGဟာနည်းလမ်းပေါင်းစုံနဲ့ငွေရှာနေရတယ်။တော်လှန်ရေးကာလတစ်နှစ်နီးပါးကြာလာတော့လူထုကလဲအားမလိုအားမရတွေဖြစ်လာတာသဘာဝပဲ။