အခုတလောကမ္ဘာအနှံမှာပြန့်နှံနေတဲ့ကိုဗစ်မျိုးခွဲသစ်ကတော့မြန်မာပြည်ကိုရောက်ရှိလို့လာပါပြီ။ဘယ်အချိန်စတုထ္တလှိုင်းစဖြစ်မယ်ဆိုတာတော့မသိသေးဘူး။တတိယလှိုင်းတုန်းကကျောကော့အောင်ခံခဲ့ရတဲ့ပြည်သူတွေအတွက်ကတော့ပိုထူးပြီးရင်ခုန်စရာတော်မရှိတော့ပါဘူး။ဒီစစ်ကောင်စီလက်ထက်မှာတော့အားလုံးတန်းတူဒုက္ခရောက်ကြမှာပဲ။ဘာအလုပ်မှလဲလုပ်လို့ရမှာမဟုတ်ဘူး။
စစ်ကောင်စီဟာလူတန်းစားမရွှေးဘယ်လောက်တောင်ဒုက္ခပေးသလဲဆိုရင်သူကြောင့်ကုန်သည်တောင်ထမင်းငတ်နေကြပြီ။ပို့ကုန်လဲမရှိ၊သွင်းကုန်တွေကိုလဲဒေါ်လာတွေစီးထွက်မှာစိုးပြီးပိတ်ပင်ထားတော့လုပ်ရကိုင်ရကျပ်တည်းနေကြတယ်။မန္တလေးကျောက်ဝိုင်းမှာဆိုရင်သတ်မှတ်ထားတဲ့နေရာမှာအရောင်းအဝယ်မလုပ်လို့ဆိုပြီးကျောက်ကုန်သည်တွေအစုလိုက်လာရောက်ဖမ်းဆီးသွားတယ်။သတ်မှတ်ထားတဲ့ကျောက်ဝိုင်းမှာလဲပေါက်ကွဲမှုတွေမကြာခဏဖြစ်နေတော့ဘယ်သူမှဘယ်သူမှမသွားရဲကြဘူးလေ။လုံခြုံရေးလဲမပေးနိုင်ဘူး။
စစ်ကောင်စီလက်အောက်မှာတော့ဘယ်လူတန်းစားမဆိုအသက်ရှူမချောင်ဘူး။