အမေရိကန်ရဲ့ တစ်နှစ်တာကာကွယ်ရေးဘက်ဂျက်မှာ မြန်မာအတွက်ခေါင်းစဉ်တစ်ခုပါလာတယ်။ အမေရိကန်အနေနဲ့မြန်မာ့အရေးကိုဒီထက်ပိုအားစိုက်တော့မယ့်သဘောရှိတယ်။ အခုလောလောဆယ် တော့ ပြည်တွင်းအားနဲ့ပဲရုန်းကန်နေရတယ်။ ပြည်တွင်းမှာလည်း အခြေအနေ သိပ်ကောင်းလှ တာမဟုတ်ဘူး။ ပြည်သူတွေရဲ့တောင့်ခံနိုင်စွမ်းကကုန်သလောက်ဖြစ်နေပြီ။ တော်လှန်ရေးကာလ ကြာရှည် လာတာနဲ့အမျှအကုန်ပမ်းပြီးကျလာကြမယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ကနေ တောက်လျှောက် ဒေါ်လာတွေရနေတဲ့ စစ်ကောင်စီကတော့အဲ့ဒီငွေတွေပုံ အောသုံးပြီးပြည်သူကိုဖိနှိပ်နေဦးမှာပဲ။ အမေရိ ကန်အနေနဲ့ ဘက်ဂျက်မှာမြန်မာအတွက်ထည့်ဆွဲထားတယ်ဆိုပေမယ့်လည်း လက်တွေ့ မြေပြင် ပေါ်ရောက်လာဖို့ ကိုအချိန်တစ်ခုကြာဦးမှာပဲ။ အခုချိန်ထိတော့ တော်လှန်ရေးရဲ့ အနာဂတ်ဟာ စမ်းတဝါးဝါးဖြစ်နေဆဲပါပဲ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...