Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

လေးကေ့ကော်တွင် စစ်တပ်က လက်နက်ကြီး၊ လေယာဉ်များဖြင့် အပြင်းအထန်တိုက်နေ

စစ်ကောင်စီက နံနက်အစောပိုင်းကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး လေးနေရာတွင် တိုက်ပွဲဖြစ်နေကြောင်း KNU တာဝန်ရှိသူက ပြောသည်။

December 28, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၂၇) နံနက်အစောပိုင်းမှနေ၍ လေယာဉ်နှင့် လက်နက်ကြီးများအသုံးပြုကာ အပြင်းအထန်တိုက်ခိုက်နေသည်ဟု KNU တာဝန်ရှိသူနှင့် စစ်မြေပြင်တွင် ရှိနေသူအချို့ထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ လေးကေ့ကော်မြို့သစ်တစ်ဝိုက်ကို စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းတွင် လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ကာ တိုက်ပွဲစတင်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်ဖြင့်ပါ လာရောက်ပစ်ခတ်နေသည်။

“စစ်ရေးအရ ဖိအားပေးတာ အများကြီးရှိတယ်။ လက်နက်ကြီးနဲ့ အရမ်းကာရောပစ်တာဆိုတော့ မနက် ၄ နာရီကတည်းက ကြားနေရတာ မိုးလင်းတဲ့အထိပဲလေ။ နောက်ဆုံးသိရတာတော့ တိုက်ပွဲဖြစ်တဲ့နေရာ ၄ ခု တောင်ရှိတယ်။ ထိခိုက်ကျဆုံးမှုရှိတာကတော့ မှန်တယ်။ ဒါပေမဲ့ စာရင်းအတိအကျမရနိုင်ဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားပစ်မှတ်များကို ဦးတည်ပစ်ခတ်နေခြင်းမှာ ယခင်ကတည်းက အတိုင်းပင်ဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ပဒိုစောတောနီးက ပြောသည်။​

မြဝတီမြို့မှ သုံးမိုင်ခန့်အကွာ မေတ္တာလင်းမြိုင်ကျေးရွာဘက်မှနေ၍ စစ်ကောင်စီက လက်နက်ကြီးများ ဖြင့် စတင်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊​ စစ်ပွဲအတွင်းရှိနေသူ CDM တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

“တိတိကျကျဆို ၄ နာရီ ၆ မိနစ်မှာ သူတို့ဆီက လက်နက်ကြီးစပစ်တယ်။ မေတ္တာလင်းမြိုင်ကနေ ပစ်တာ။ အရင်ဆို လေးငါးလုံးပစ်ပြီး နားတာ။ ဒီနေ့ကတော့ အပြတ်အသတ်ကို ပစ်တာ၊ မပြီးဘူး” ဟု ပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်မှနေ၍ ပါဝင်တိုက်ခိုက်ပေးနေသူ CDM တပ်ကြပ်ကြီးက ပြောသည်။

စစ်ကောင်စီဘက်မှ အင်အား ၁၅၀၊ ၂၀၀ ခန့်ဖြင့် ကျားထိုးတက်လာသောကြောင့် PDF တပ်ဖွဲ့ဝင်များ ၎င်းတို့ခြေကုပ်ယူထားနေရာမှ ဆုတ်ပေးလိုက်ရကြောင်းလည်း ၎င်းက ပြောသည်။

“ရင်ပေါင်တန်းပြီး တက်လာတာ။ ကျားဆိုတဲ့အသံက တော်တော်ဟိန်းတယ်။ အင်အားမမျှတော့ လတ်တလော ပြန်ဆုတ်ပေးလိုက်တဲ့သဘောပေါ့” ဟု အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ တပ်ကြပ်ကြီးက ဆက်ပြောသည်။​

ယနေ့ နံနက်အစောပိုင်းတိုက်ပွဲအတွင်း PDF ဘက်မှ စနိုက်ပါသမားတစ်ဦး ကျဆုံးပြီး လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရသူ သုံးဦးရှိသည်ဟုလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ဆီက သုံးယောက်၊ မစိုးရိမ်ရဘူး။ လက်တစ်ယောက်၊ ခြေထောက်နှစ်ယောက်ထိတယ်။ ဟိုဘက်ကလည်း (စစ်တပ်) အထိအခိုက်ရှိနိုင်တယ်။ ကျွန်တော်တို့ဆီက တစ်ယောက်သေတယ်။ စနိုက်ပါထိသွားတာ။ PDF ပဲ၊ နာမည်က အာကာတဲ့။ မယ်ဝါးခီးနဲ့ မယ်ထော်သလေးကြားမှာ ကျတာ” ဟု CDM တပ်ကြပ်ကြီးက ပြောသည်။

ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သည့်ပြင် အင်အားတိုးထားသည်ဟုလည်း တိုက်ပွဲအတွင်းရှိနေသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦးကလည်း ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသည့်ပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ပြောသည်။

“မယ်ဝါးခီးဘက်ကို အခုထိပစ်နေတုန်းပဲ။ ထိုင်းစံတော်ချိန် ၂ နာရီမှ စကြဲတာ။ စက်သေနတ်နဲ့လည်း ပစ်တယ်။ ဗုံးလည်းကြဲတယ်။ မြေပြင်ကတော့ ငြိမ်နေတယ်၊ မနက်ကတော့ အကြီးအကျယ်ပဲ။ ၉ နာရီလောက်အထိ” ဟု ၎င်းက ပြောသည်။

စစ်တပ်က မေတ္တာလင်းမြိုင်နှင့် ကျောက်လုံးကြီးဘက်မှနေ၍ မဲ့ထော်သလေး၊ အင်ကြင်းမြိုင်နှင့် လေးကေ့ကော်ဘက်ကို လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခြင်းဖြစ်သည်ဟု ကရင်သတင်းစဉ် KIC က ယနေ့ နံနက်ပိုင်းတွင် ၎င်း၏လူမှုကွန်ရက်စာမျက်၌ ရေးသားသည်။​

တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၁၃ ရက်ရှိလာပြီဖြစ်ကာ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေး နယ်စပ်တစ်လျှောက်တွင် စစ်ဘေးရှောင်နေရသူ တစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း KNU တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။​

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသည့် စစ်အာဏာရှင်ဆန့်ကျင်သူများကို စစ်တပ်က ဒီဇင်ဘာ ၁၄ ရက်တွင် အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။​

ခိုလှုံလာသူများကို လူသားချင်းစာနာထောက်ထားမှု အခြေခံကာ ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့်အတွက် ကုလသမဂ္ဂဦးဆောင်ကာ အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန် တောင်းဆိုကြောင်း KNU က ဒီဇင်ဘာ ၂၀ တွင် ထုတ်ပြန်ခဲ့သည်။

လေးကေ့ကော်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက ၎င်းတို့ဘက်မှ စစ်ရေးနှင့် ထိခိုက်ကျဆုံးမှုအခြေအနေကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အနောက်နိုင်ငံသံရုံးများက အုပ်စုဖွဲ့ကာ မဆင်မခြင် စွက်ဖက်နေကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာ၌ အယ်ဒီတာ့အာဘော် ရေးသားထားသည်။
Source – Myanmar NOW
https://www.myanmar-now.org/mm/news/9845

Related Posts

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)
သတင်း

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)

December 4, 2023

အမျိုးသားညီညွတ်ရေးအစိုးရ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာ၊ ရွာအလယ်ကို အကြမ်းဖက်စစ်တပ်က...

သတင်း

ရခိုင်တောင်ပိုင်းတွင် ၃ ရက်အတွင်း လူ ၅၀ ကျော် အဖမ်းခံရ

December 2, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀...

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို
သတင်း

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို

November 30, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist