ကမ္ဘာတဝန်းလုံးမှာ ခရစ်စမတ်နေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲတွေပြုလုပ်နေကြပေမယ့် မြန်မာပြည် အတွက်တော့ ပျော်ရွှင်စရာတွေမရှိခဲ့ဘူး။ မနက်စောစောစီးစီးပဲ သတင်းဆိုးတွေ ဆက်တိုက်တက် လာတယ်။
ကယားပြည်နယ်ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်အရပ်သား ၃၁ ယောက်ကို စစ်သူပုန်တွေက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားတယ်။ သွားရောက်ဖြေရှင်းပေးတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးကိုလည်း ခေါင်းကိုသေနတ်နဲ့တေ့ပစ်သွားတယ်။ ဓာတ်ပုံတွေနဲ့တကွတွေ့မြင်ရပေမယ့် ဘယ်လိုမှ ယုံကြည်ပေးလို့မရဘူး။ ဟိုတလောကလေးတင် စစ်ကိုင်းတိုင်းမှာ ရွာသားတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားသေးတယ်။ စစ်သူပုန်တွေဟာ လူစိတ်ပျောက်နေကြပြီ။ မြန်မာ့တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံးမကောင်းဆိုးဝါးတွေချည်းပဲ။
ခရစ်စမတ်နေ့မှာပဲ ခရစ်ယာန်အများစုနေထိုင်တဲ့ကရင်ပြည်နယ်လေးကေကော်ကို နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ ဒီတကြိမ်မှာလေယာဥ်တွေနဲ့ပါ ဗုံးကြဲနေလို့တိုက်ပွဲတွေပိုမို ပြင်းထန်လာ တယ်။ KNU ဘက်က စခန်းတစ်ခုပေးလိုက်ရပေမယ့် လေးကေကော်မြို့သစ်နားကိုတော့ စစ်သူပုန်တွေ မကပ်နိုင်သေးပါဘူး။ ဒီနှစ်အတွက်ခရစ်စမတ်ဟာပျော်ရွှင်စရာမဖြစ်ခဲ့ဘူး။