မနေ့က စစ်သူပုန်တွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြောင်းရေးလို့ မဆုံးခင်မှာဘဲ ဒီနေ့လေးကေ့ ကော်မှာ စစ်တပ်ကလေယာဥ်တွေပါသုံးပြီး စတင်ဗုံးကြဲတိုက်ခိုက်လာတယ်။ ညဘက် ဖြစ်နေတဲ့ အတွက် အထိအခိုက်တွေတော့မသိရသေးဘူး။ KNU ကတော့စာထုတ်ပြီး NO FLY ZONE တောင်းထားတာပဲ။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့မဖြစ်နိုင်သေးဘူး။
စစ်သူပုန်တွေဟာလေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးတွေသုံးရင်တိုက်ပွဲဖြစ်တဲ့နေရာတွေသာမက ဘာမှ မဆိုင်တဲ့ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် နေတာဘယ်လိုမှလက်ခံနိုင်စရာမရှိပါ။ ဒီအတွက် NO FLY ZONE မရရင်တောင် ဝေဟင်ပစ်လက်နက် တွေရဖို့ကြိုးစားလုပ်ဆောင်ရဦးမယ်။