အကြမ်းဖက်စစ်သူပုန်တွေဟာ အခုနောက်ပိုင်းတိုက်ပွဲတွေမှာ လေကြောင်းပစ်ကူတွေကို လှိုင်လှိုင်ကြီးသုံးလာတယ်။ အထူးသဖြင့်စစ်ကိုင်းတိုင်းကဒီပဲယင်း၊ ကနီ၊ ကလေး စတဲ့ဒေသတွေကPDF တပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာရဟတ်ယာဥ်တွေသုံးလာတယ်။ လက်နက်တောင်အပြည့်အစုံမရှိသေးတဲ့ ပြည်သူ့ပျောက်ကျားတပ်ဖွဲ့တွေကိုရဟတ်ယာဥ်သုံးပြီးတိုက်ရတယ်ဆိုတာ အတော်ရှက်ဖို့ကောင်းနေပြီ။ စစ်သူပုန်တွေရဲ့ မြေပြင်တွေအခြေအနေမကောင်းတော့တဲ့သဘောပဲ။ စစ်တပ်ထဲမှာလည်း လေကြောင်း ပစ်ကူ မပေးနိုင်ရင်စစ်ကြောင်းထွက်ဖို့ငြင်းဆန်နေတဲ့သတင်းတွေကြားရတယ်။ ရဟတ်ယာဥ်တွေ သုံးရာမှာလည်း PDF တွေကိုမထိခိုက်ဘဲဒေသခံအပစ်မဲ့ပြည်သူတွေသာသေကြေပျက်စီးကြရတယ်။
ဒီနေ့လည်းပုလဲမြို့နယ်မှာ မနက်ပိုင်းထဲကတိုက်ပွဲတွေဖြစ်ပွားနေပြီး ပိတ်မိနေတဲ့စစ်သူပုန်စစ်ကြောင်းကို ကယ်ထုတ်ဖို့မုံရွာက ရဟတ်ယာဥ်တွေတက်လာပြီးတိုက်ပွဲ ဖြစ်ရာနေရာကိုလာ ရောက်ပစ်ခတ်သွား တယ်။ သတင်းကြိုတင်ရလိုက်တာကြောင့် PDF တပ်ဖွဲ့တွေအချိန်မှီဆုတ်ခွာနိုင်ခဲ့လို့ အသေအပျောက် မရှိခဲ့ဘူး။ လေကြောင်းပစ်ကူသာရောက်မလာရင် စစ်သူပုန်တွေ အကျအဆုံးများနိုင်တယ်။ ဒီတခေါက်မှာ တော့ရွာတွေကို မဖျက်စီးသွားလို့တော်သေးတယ်။