ကရင်ပြည်နယ်၊လေးကေကော်ဒေသမှာစစ်ကောင်စီတပ်တွေနဲ့KNUတပ်တွေလေးရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေပြီးဒီနေ့မှာအပြင်းထန်ဆုံးအခြေအနေဖြစ်လာပါတယ်။လေးကေကော်မြို့သစ်ကိုKNUကပြန်လည်ထိန်းချုပ်ထားပြီးစစ်တပ်ကစစ်ကြောင်းတွေဆက်တိုက်ထိုးနေပါတယ်။စစ်တပ်ကလက်နက်ကြီးတွေအလွန်အကျွံသုံးနေပြီးစစ်ဘေးရှောင်စခန်းတွေကိုပါပစ်ခတ်နေပါတယ်။ဘယ်လောက်တောင်မိုက်ရိုင်းသလဲဆိုရင်တိုက်ပွဲတွေကလေးကေကော်မြောက်ပိုင်းမှာသာရှိနေပြီးဘာမှမဆိုင်တဲ့တောင်ပိုင်းကစစ်ရှောင်စခန်းတွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ပစ်ခတ်နေတာပါ။မူလစခန်းတွေမှာမလုံခြုံတော့တဲ့ဒေသခံတွေဟာသောင်ရင်းမြစ်ကိုကူးဖြတ်ပြီးထိုင်းနိုင်ငံဖက်ဝင်ရောက်ခိုလှုံနေရတယ်။စစ်ဘေးရှောင်စုစုပေါင်းဟာလဲတစ်သောင်းကျော်ရှိလာပြီ။စစ်ကောင်စီကစစ်ကူတပ်တွေစေလွတ်နေတာကြောင့်ကရင်ပြည်နယ်တစ်ခုလုံးစစ်ရေးတင်းမာနေပါတယ်။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...