စစ်ကိုင်းတိုင်းမှာPDFတွေကဖြတ်သန်းသွားလာမယ့်လုပ်ငန်းရှင်ကြီးတွေရဲ့ကားတွေကိုစစ်ဆေးပြီးNUGကိုအခွန်ဆောင်ထားတဲ့ပြေစာမပါရင်ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ကြေငြာလိုက်တယ်။ဒါဟာPDF တွေအနေနဲ့နယ်မြေစိုးမိုးမှုကိုပိုမိုတိုးချဲ့လာတဲ့သဘောပဲ။NUG ကလဲ Local PDF တွေရဲ့ကိုးဆယ်ရာခိုင်နှုန်းခန့်နဲ့ချိတ်ဆက်ထားနိုင်ပြီလို့ပြောထားတယ်။မကြာခင်မှာလက်နက်ရိက္ခထောက်ပံပေးနိုင်မယ့်အနေအထားတွေရှိလာပြီ။
ကိုဇေယျာသော်တို့အဖမ်းခံရပြီးတဲ့နောက်ရန်ကုန်မှာUGတွေရဲ့လှုပ်ရှားမှုတွေငြိမ်သွားပေမယ့်မန္တလေးမှာတော့အရင်လိုမဟုတ်ပဲPDFတွေလက်စွမ်းပြနေတာကိုတွေ့ရတယ်။မြို့ထဲကစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေဆက်တိုက်ဆိုသလိုတိုက်ခိုက်ခံနေရတယ်။မြို့ကြီးတွေမှာလှုပ်ရှားမှုတွေရှိမှပဲနယ်ဘက်တွေကိုတဖက်တလမ်းကကူညီရာကျလိမ့်မယ်။