ဖေ့ဘုတ်ကစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့စာမျက်နှာတွေကိုဖြုတ်ချလိုက်တယ်။လုပ်ငန်းကြီးတွေဖြစ်တဲ့မိုင်တယ်၊မြန်မာဘီယာတို့ကအစတော်တော်များများဖြုတ်ချခံလိုက်ရတယ်။ထိုလုပ်ငန်းတွေဟာအစောကတည်းက boycott နဲ့ PDF တွေကြောင့်ဆုံးရှုံးမှုတွေကြီးမားနေတာအခုဆိုရင်ပိုဆိုးပြီပေါ့။
တနိုင်ငံလုံးမှာတော့သဘက်ခါအသံတိတ်သပိတ်ပြုလုပ်ဖို့အတွက်ဆော်သြနေကြတယ်။ဒီဇင်ဘာ၁၀ရက်နေ့ဟာကမ္ဘာ့လူ့အခွင့်အရေးနေ့မို့အဲ့ဒီနေ့နဲ့တိုက်ဆိုင်ပြီးပြည်တွင်းမှာအသံတိတ်သပိတ်ကြီးတစ်ခုလုပ်ဖို့စီစဥ်နေကြတယ်။ဒါမျိုးကိုမတ်လတုန်းကတစ်ခေါက်လုပ်ဖူးသေးတယ်။အဲ့ဒီတုန်းကတော့သပိတ်တွေလုပ်လို့ကောင်းဆဲကာလမို့အောင်မြင်ခဲ့တယ်။အခုတစ်ခေါက်လဲသွေးမအေးသွားဘူးဆိုတာပြဖို့အောင်မြင်စေချင်တယ်။