စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်PDFတွေကစစ်ကောင်စီပိုင်သဘောနှစ်စီးကိုဖမ်းဆီးလိုက်ပြီးမြို့အဝင်အထွက်တွေမှာစစ်ဆေးရေးဂိတ်တွေထားရှိမယ်လို့ကြေငြာလိုက်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတချို့တွေကမြောင်မြို့နယ်ဟာလွတ်မြောက်တယ်မြေဖြစ်သွားပြီလို့ထင်ကြေးပေးကြတယ်။တကယ်တမ်းတော့အပြည့်အဝလွတ်မြောက်နယ်မြေဆိုတာအခုအချိန်ထိမရှိသေးပါဘူး။ဒါပေမယ့်စစ်ကိုင်းတိုင်းကဒေသတော်တော်များများမှာတော့စစ်ကောင်စီရဲ့အာဏာဟာမြို့ကြီးတွေပေါ်မှာလောက်ပဲသက်ရောက်မှုရှိတော့တယ်။နေရာအတော်များများနဲ့လမ်းမကြီးတွေကိုPDFတွေထိန်းချုပ်ထားနိုင်တဲ့အခြေအနေတွေဖြစ်လာတယ်။လမ်းတွေမှာရှောင်တခင်စစ်ဆေးရေးဂိတ်တွေဖွင့်ပြီးစစ်ကောင်စီပိုင်ပစ္စည်းတွေနဲ့သစ်မှောင်ခိုတွေကိုပါဖမ်းဆီးနေပြီ။
လွတ်မြောက်နယ်မြေတွေဖြစ်ဖို့ကတော့လိုပါသေးတယ်။PDFတွေလက်နက်အင်အားတောင့်တင်းလာရင်တော့မျှော်လင့်လို့ရတယ်။ဒါကြောင့်ပဲပြည်သူတွေကလှူ၊NUGကအသည်းအသန်ပိုက်ဆံရှာနေတာပေါ့။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...