ဆက်သွယ်ရေးကုမ္မဏီတွေရဲ့အင်တာနက်မိုဘိုင်းဒေတာစျေးနှုန်းတွေကိုလက်ရှိစျေးနှုန်းထပ်နှစ်ဆတက်ဖို့စစ်ကောင်စီကအကြောင်းကြားလာတယ်လို့သိရတယ်။ဥပမာအခုကျပ်တစ်ထောင်ဖိုးကို1Gရတယ်ဆိုရင်နှုန်းထားအသစ်အရတစ်ထောင်ကို500MBပဲရတော့မှာပေါ့။အင်တာနက်စျေးနှုန်းတွေတက်လာတာအာဏာသိမ်းပြီးနောက်ပိုင်းဒါဒုတိယအကြိမ်ပဲ။NLDအစိုးရလက်ထက်ကဆိုရင်တစ်ထောင်ဖိုးကို5Gအထိသုံးလို့ရတယ်။ဆယ်ဆတိတိစျေးတက်သွားတဲ့သဘောပေါ့။ဒီတကြိမ်မှာဖုန်းပြောဆိုခနှုန်းထားတွေပါစျေးတက်မယ်လို့သိရတယ်။
စစ်ကောင်စီဟာအင်တာနက်ကိုလုံးဝဖြတ်တောက်လို့မရတဲ့အတွက်သတင်းစီးဆင်းမှုကိုနှေးကွေးစေချင်တာရယ်၊C2DလိုDigital Strikeတွေကိုနှိပ်ကွပ်လိုတာကြောင့်အခုလိုကန့်သတ်လိုက်တာလို့ယူဆကြတယ်။ဒါပေမယ့်ရည်ရွယ်ချက်အတိုင်းအောင်မြင်မှာမဟုတ်ပဲအခြေခံလူတန်းစားတွေကိုပဲအဓိကထိခိုက်စေလိမ့်မယ်။စားဖို့တောင်အနိုင်နိုင်ရှာနေရတဲ့သူတွေအတွက်ဒီစျေးနှုန်းအတိုင်းဆိုရင်အင်တာနက်သုံးနိုင်ဖို့အလှမ်းဝေးသွားလိမ့်မယ်။စစ်ကောင်စီဟာတိုင်းပြည်ကိုတဖြည်းဖြည်းနဲ့မြောက်ကိုရီးယားပုံစံဆွဲသွင်းနေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


