ကုလသမဂ္ဂကိုယ်စားလှယ်ရွှေးချယ်ရေးကော်မတီဟာစစ်ကောင်စီကတင်သွင်းတဲ့ကိုယ်စားလှယ်ကိုမရွှေးပဲသံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာဆက်လက်ရွှေးချယ်လိုက်တယ်။ဒါဟာNUGကိုအသိအမှတ်ပြုတဲ့သဘောလားဆိုတာကိုတော့တိတိကျကျပြောမသွားဘူး။သံတမန်တွေကတော့အစိုးရကိုယ်စားမှုပြုကိုနောက်နှစ်ညီလာခံအထိရွှေ့ဆိုင်းလိုက်တဲ့သဘောပဲလို့မှတ်ချက်ပြုတယ်။ကိုယ်စားလှယ်နေရာကိုလက်ရှိလူကိုပဲဆက်ထားပီးစစ်ကောင်စီနဲ့NUGဘယ်သူ့ကိုအသိအမှတ်ပြုမလဲဆိုကတော့UNကကြားနေလိုက်တဲ့သဘောပေါ့။ဓမ္မနဲအဓ္ဓမကိုရှင်းရှင်းလင်းလင်းသိမြင်နေရက်နဲ့ကြားနေတယ်ဆိုကတည်းကကမ္ဘာကြီးရဲ့လက်ရှိအနေအထားကိုပြသလိုက်တာပဲ။
ဘာပဲဖြစ်ဖြစ်ဒီရလဒ်ကြောင့်သံတမန်ရေးမျက်နှာစာမှာNUGအတွက်ပိုမိုအသာစီးရသွားခဲ့ပြီးစစ်ကောင်စီကတော့လုံးဝကျဆုံးသွားခဲ့ပါပြီ။အထွေထွေညီလာခံမှာဆက်လက်ဆွေးနွေးဖို့ရှိပေမယ့်တရုတ်နဲ့ရုရှားတို့ကပါသဘောတူထားတဲ့ဒီရလဒ်ကိုပြောင်းလဲပစ်ဖို့မဖြစ်နိုင်တော့ပါဘူး။မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ရှေ့ဆက်သွားမယ်လို့ပြောထားခဲ့တဲ့စစ်ကောင်စီဟာပိုမိုအထီးကျန်ဆန်လာပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


