ဒီနေ့အာဏာသိမ်းတာရက်၃၀၀ပြည့်သွားပြီ။အပစ်မဲ့ပြည်သူ၁၂၉၅ဦးသတ်ဖြတ်ခံခဲ့ရပြီး၇၅၀၀ ကျော်ဖမ်းဆီးခံထားရတယ်။စစ်ကောင်စီရဖမ်းဆီးမယ့်သူကိုမတွေ့ရင်အိမ်မှာရှိသမျှလူအကုန်ဓားစာခံအဖြစ်ဖမ်းဆီးတယ်။တအိမ်လုံးလူမရှိရင်အိမ်ကိုချိတ်ပိတ်တယ်။အခုဆိုရင်ချိတ်ပိတ်ခံရတဲ့အိမ်ပေါင်းတစ်ရာကျော်သွားပြီ။တကယ့်ကိုတရားလက်လွှတ်ပြုမူနေကြတယ်။
ခုခံစစ်ပွဲတွေကြောင့်တနိုင်ငံလုံးမှာစစ်ရှောင်ပြည်သူတွေ၂၃၀၀၀၀ ကျော်တိုးလာပြီ။နယ်ဘက်ကပြည်သူတွေရဲ့အခြေအနေကပိုမိုဆိုးရွားနေတယ်။စစ်ဘေးရှောင်တွေကိုပေးမယ့်အကူအညီတွေကိုလဲစစ်သူပုန်တွေကနေရာတိုင်းမှာဖြတ်တောက်ထားတယ်။အခြေအနေတွေကရှေ့လျောက်ဒီထက်ပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။