ဒီနေ့တော့သူငယ်ချင်းတွေစုပြီးထောက်ပို့applicationတွေကိုဖုန်းထဲထည့်ပြီးကလစ်ဖို့လုပ်ကြတယ်။ထောက်ပို့applicationကလောလောဆယ်သုံးလေးမျိုးလောက်တော့ရှိမယ်။အဓိကအားဖြင့်တော့ Click to Donate၊ ThaDin၊ Su Yandanar၊ Nway Oo Quiz စသဖြင့်ပေါ့။ ဘယ်လိုပဲနာမည်တွေကွဲပြားနေပါစေ၊သဘောတရားကတော့ကြော်ငြာတွေကြည့်ပြီးGoogleကနေပိုက်ဆံရှာတာပဲ။ရတဲ့ငွေတွေအကုန်Loca lPDFတွေဆီစီးဆင်းကြတယ်။အင်တာနက်ပေါ်မှာလူအများကြီးဝိုင်းလုပ်ရတာဆိုတော့တယောက်ချင်းစီအတွက်တာဝန်မကြီးဘူး၊ငွေမကုန်ဘူး။အခုဆိုရင်ကလစ်ကနေ တစ်လကိုစုစုပေါင်းပျှမ်းမျှသိန်းငါးထောင်ခန့်ထောက်ပံနိုင်နေပြီ။
ဒါပေမယ့်လဲအခုအချိန်ထိပုံမှန်ကလစ်ကြတဲ့သူတွေဟာတနိုင်ငံလုံးမှာလူဦးရေငါးသောင်းတောင်မပြည့်ဘူး။ဒီလောက်လွယ်တဲ့ကိစ္စကိုဘာလို့မပူးပေါင်းကြလဲဆိုတာစဥ်းစားလို့မရဘူး။ အနည်းဆုံးလူဦးရေတသိန်းလောက်ကကြိုးစားပေးကြရင်တစ်လသိန်းတစ်သောင်းဆိုတဲ့ပမာဏကမပြောပလောက်ပါဘူး။များများထောက်ပံနိုင်ရင်တော်လှန်ရေးကမြန်မြန်ပြီးနိုင်တယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...